31.7.13

စစ်ပွဲဇုန် မုဒိမ်းမှုများကို တိုက်ဖျက်ရေး ပူးပေါင်းပါဝင်ကြရန် ဂျိုလီ တိုက်တွန်း


ကုလသမဂ္ဂ နှလုံးလှ သံတမန် တစ်ဦးလည်းဖြစ်သော ဂျိုလီက ရှီဘိုင်ယာရှိ တက္ကသိုလ်တွင် သူမ (၂၀၁၁)ခုနှစ်က ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော In the Land of Blood and Honey ဇာတ်ကားအကြောင်း ထည့်သွင်း ပြောကြားခဲ့. . . 

စစ်ပွဲဇုန်များတွင် ဖြစ်ပေါ်နေသည့် မုဒိမ်းမှုများကို တိုက်ဖျက်ရာ၌ တစ်ကမ္ဘာလုံး သူမနှင့်အတူ ပူးပေါင်း ပါဝင်စေလိုကြောင်း အန်ဂျလီနာ ဂျိုလီက တိုက်တွန်းလိုက်သည်။ မိသားစုနှင့်အတူ ဂျပန်သို့ ရောက်ရှိနေသည့် ဟောလီးဝုဒ် ကြယ်ပွင့် ဒါရိုက်တာ၊ မင်းသမီးက တိုကျိုရှိ ကုလသမဂ္ဂ တက္ကသိုလ်တွင် ဟောပြောမှုတစ်ခု ပြုလုပ်ခဲ့ရာ ကျောင်းသူကျောင်းသား လူငယ်များ အနေဖြင့် တစ်ကမ္ဘာလုံးရှိ စစ်ပွဲဇုန်များ၌ မုဒိမ်းမှုများ ပပျောက်ရေးအတွက် တစ်တပ်တစ်အား ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ဖိတ်ခေါ်သွားသည်။


သူမသည် ကမ္ဘာပေါ်တွင် စစ်မက်ဖြစ်ပွားနေသည့် နိုင်ငံများအတွင်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကား ခံရမှုများကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို တွင်တွင်ကျယ်ကျယ် ပါဝင် ဆောင်ရွက်လျှက် ရှိသည်။ ကုလသမဂ္ဂ နှလုံးလှ သံတမန် တစ်ဦးလည်းဖြစ်သော ဂျိုလီက ရှီဘိုင်ယာရှိ တက္ကသိုလ်တွင် သူမ (၂၀၁၁)ခုနှစ်က ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော In the Land of Blood and Honey ဇာတ်ကားအကြောင်း ထည့်သွင်း ပြောကြားခဲ့သလို ကျွန်မတို့ရဲ့ ကမ္ဘာကြီးဟာ မြောက်မြားစွာသော ပြဿနာတွေနဲ့ ကြုံနေရပါတယ်။ အထူးသဖြင့် ဆင်းရဲမွဲတေမှု၊ တရားမဲ့မှု၊ စစ်ပွဲတွေနဲ့ ဆက်နွယ်နေတာတွေပါ။ ရှင်တို့ဟာ အလားအလာရှိတဲ့ လူငယ်လူရွယ်တွေ ဖြစ်ကြပါတယ်။ ရှင်တို့မတိုင်ခင် မျိုးဆက်ကို ပြဿနာတွေက အနိုင်ယူ ဖိနှိပ်ခဲ့ပြီးပြီ။ ဒါကို ရှင်တို့က ပြောင်းလဲဖို့ လိုပါတယ်ဟု တိုက်တွန်း ပြောကြားခဲ့သည်

In the Land of Blood and Honeyသည် ဘော့စ်နီးယား ပြည်တွင်းစစ် ကာလ၏ အမျိုးသမီးများ လိင်မှုဘဝ စော်ကားခံရခြင်းကို ပုံဖော် ရိုက်ကူးထားသော ဇာတ်ကား ဖြစ်သည်။ ဂျိုလီက ကျွန်မတို့ဟာ အတိတ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အနာဂတ်ကိုတော့ စီရင်ပိုင်ခွင့် ရှိပါတယ်။ ဒါဟာ ပွင့်လင်းပြီး ထင်သာမြင်သာ ရှိနေတဲ့ မေးခွန်းတစ်ခုပဲ။ အဖြေကို ဖြေဖို့ ရှင်တို့မှာ လုံလောက်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားပါတယ်ဟုလည်း ပြောကြားသွားသည်။ သူမက In the Land of Blood Honey ဇာတ်ကားသည် စစ်အတွင်း မုဒိမ်းမှုများ၏ အစိတ်အပိုင်းလေး တစ်ခုအနေဖြင့်သာ သိသာစေမည်ဟုလည်း ဆိုသည်။ ဒီဇာတ်ကားထဲမှာ ပုံဖော်ထားတဲ့ ထိခိုက်နာကျင်စရာတွေဟာ တကယ့် ဧရာမ ပြဿနာကြီးရဲ့ အသေးစား အပိုင်းလေး တစ်ခုလောက်ပဲ ရှိပါတယ်။ တကယ်တော့ ခုကိစ္စက တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ပြဿနာမျိုးပါဟုလည်း ဂျိုလီက မှတ်ချက်ပြုသွားခဲ့သည်။

Planet.com.mm

0 comments:

Post a Comment