31.7.13

ကမ္ဘောဒီးယားအတိုက်အခံပါတီက မဲမသမာမှု သက်သေပြနိုင်ဖို့ ကြိုးစား

ကမ္ဘောဒီးယားနိုင်ငံမှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်မှာ လက်ရှိအာဏာရ အစိုးရအဖွဲ့ကို ဦးဆောင်တဲ့ ၀န်ကြီးချုပ် ဟူစင်ကပဲ ပြန်လည်အနိုင်ရခဲ့တဲ့အတွက် အတိုက်အခံပါတီဖက်က တနိုင်ငံလုံး ဆန္ဒပြမှုကြီးပြုလုပ်သွားဖို့ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

အတိုက်အခံပါတီဖြစ်တဲ့ ကမ္ဘောဒီးယား National Rescue Party ကတော့ ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေရှိနေတယ်လို့ စွပ်စွဲထားပြီး ဒီကိစ္စကို နိုင်ငံတကာအနေနဲ့ စုံစမ်းစစ်ဆေးမှု လုပ်ပေးဖို့ တောင်းဆိုတာကို လက်ရှိအစိုးရ အာဏာရပါတီဖြစ်တဲ့ ကမ္ဘောဒီးယား People Party ကတော့ ပယ်ချခဲ့ ပါတယ်။


ရွေးကောက်ပွဲပြုလုပ်ခဲ့တဲ့ တချို့နေရာတွေမှာ မှတ်ပုံတင်ထားပြီးသား လူတွေအနေနဲ့ မဲထည့်ခွင့်မပေးတာတွေရှိပြီး သူတို့အစား တခြားလူတွေကနေ မဲလာထည့်ခွင့်ပေးတာရှိတယ်လို့ အတိုက်အခံပါတီဖက်က သိရတဲ့အကြောင်း ပြီးတော့ မဲမသမာမှုကိစ္စနဲ့ပတ်သက်ပြီး အတိုက်အခံဖက် ကစာရင်း ပြုစုကောက်ခံနေတယ် ဆိုတဲ့အကြောင်း ပြောပါတယ်။

အခုဆိုရင် မဲမသမာမှုကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားလာတဲ့လူပေါင်း တစ်ထောင်လောက် စာရင်းရရှိထားပြီး သြဂုတ်လဆယ်ရက်နေ့အထိ စာရင်းကောက်ခံသွားဖို့ရှိတယ်လို့ ဆိုပါတယ်။ အတိုက်အခံပါတီဖက်က စွပ်စွဲထားတဲ့ မဲမသမာမှုတွေ ရှိတယ်ဆိုတာကို သက်သေပြနိုင်ဖို့အတွက် ကောက်ခံ လို့ရတဲ့ စာရင်းတွေကို ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြသွားဖို့ရှိတယ် လို့ အေဘီစီ သတင်းထောက် Auskar Surbakti က Phnom Penh မြို့ကနေ သတင်းပေးပို့ထားတာဖြစ်ပါတယ်

ABC Radio Australia
ပြီးခဲ့တဲ့ တနင်္ဂနွေးနေ့က မြင်တွေ့ရတဲ့ ကမ္ဘောဒီးယားနိုင်ငံက ရွေးကောက်ပွဲ မဲရေတွက်နေတဲ့ နေရာတခု (Credit: AFP)

0 comments:

Post a Comment