31.7.13

သြစီမှာ ဆေးလိပ်အကောက်ခွန် တိုးကောက်မည်

သြစတြေးလျနိုင်ငံမှာတော့ စီးကရက်အပေါ် အခွန်တိုးကောက်ခံဖို့ အတွက် သြစတြေးလျ အစိုးရ က ကြာသပတေးနေ့မှာ ကြေငြာဖို့ရှိပါတယ်။

ဒါဟာ ၀င်ငွေ ၅ ဘီလီယံ ကျော်ရနိုင်ဖို့ အတွက် အစိုးရရဲ့ လုပ်ဆောင်မှုတခုလည်း ဖြစ်ပါတယ်။

အခုယစ်မျိုးခွန် ကောက်ခံမယ့် အခွန်ငွေဟာ တနှစ်ကို ၁၂.၅ ရာခိုင် နှုန်း နှုန်းထား နဲ့ လေးနှစ် အထိ ကောက်ခံ သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ၂၀၁၆ ခုနှစ် အရောက် မှာတော့ အလိပ် ၂၀ ပါတဲ့ ဆေးလိပ် တဗူးကို အခုပေးနေရတဲ့ ဈေးနှုန်းအပြင် ၅ ဒေါ်လာကျော် ပိုပေးရမှာ ဖြစ်ပါတယ်။


ဒီအခွန်က ရလာမယ့် ငွေကြေး တွေကို ကင်ဆာ ရောဂါနဲ့ ဆက်စပ်တဲ့ ကျန်းမာရေး ဆိုင်ရာ ထောက်ပံမှုတွေ လုပ်သွားဖို့ အပြင် အစိုးရရဲ့ မူဝါဒသစ် ချမှတ်ရေး အတွက် အသုံးပြု သွားမယ်လို့  သြစတြေးလျ အစိုးရ က ပြောပါတယ်။

ဒီလုပ်ဆောင် မှုဟာ အစိုးရ အတွက် ၀င်ငွေ တိုးသလို ဆေးလိပ် စသောက်ဖို့ ကြိုးစားတဲ့ ကလေးငယ် အရေ အတွက် ကိုလည်း လျှော့ချ သလို ဖြစ်တာကြောင့် သူတို့ အနေနဲ့ ထောက်ခံ တယ်လို့ ဆေးလိပ်နဲ့ ကျန်းမာရေး ဆိုင်ရာ တက်ကြွ လှုပ်ရှားသူ တွေဘက်က ပြောဆို နေပါတယ်။

ပြည်သူ အများအပြား ကလည်း ထောက်ခံ ကြပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လွယ်လင့် တကူဝယ်ကူ စားသောက် နိုင်တဲ့ အစားအစာ တွေအပေါ် အခွန် ငွေတိုး မကောက်ပဲ ဆေးလိပ် အပေါ် အခွန် တိုးကောက် တာဟာ မျှတမှု မရှိကြောင်း ဝေဖန်သူ တချို့က ထောက်ပြ နေကြပါတယ်။

ABC Radio Australia
သြစီမှာဆေးလိပ်ကြောင့် သေဆုံးသူပေါင်း နှစ်စဉ် ၁ သောင်း ခွဲရှိ (Credit: ABC)

0 comments:

Post a Comment