10.7.13

အိန္ဒိယကာကွယ်ရေး အသုံးစရိတ် ဗြိတိန်ထက် ပိုမိုမြင့်တက်လာမည်


အိန္ဒိယ နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် လာမည့် (၄)နှစ်အတွင်း ဗြိတိန်ထက် ပိုမိုမြင့်တက် လာမည်ဟု သိရှိရသည်။ ကမ္ဘာ့အင်အားကြီး နိုင် ငံများ၏ နှစ်စဉ် ကာကွယ်ရေးကဏ္ဍ အသုံးစရိတ် များကို ကာကွယ်ရေး သုတေသီများ က လေ့လာခဲ့ ရာ ဗြိတိန်၏ အသုံးစရိတ်မှာ တစ်စထက်တစ်စ ကျဆင်း လာနေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

The Sun သတင်းစာက ရုရှား၏ ကာကွယ်ရေး ဘတ်ဂျတ်သည် ယခုနှစ်တွင် ဗြိတိန်ကို ကျော်တက်သွားပြီး ပထမဆုံးအကြိမ်အဖြစ် ဗြိတိန်တို့ ထိပ် ဆုံး(၄)နိုင်ငံ ပြင်ပသို့ ရောက်သွားကြောင်း ဖော်ပြထားသည်။ ထိပ်ဆုံးတွင် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ (၆၃၇.၈)ဘီလျံဖြင့် ရပ်တည်နေ ဆဲ ဖြစ် သည်။ အာရှနိုင်ငံ တစ်ခုဖြစ်သော အိန္ဒိယသည် (၂၀၁၇)ခုနှစ်တွင် စတင်ကာ ဗြိတိန်အထက်တွင် ကာကွယ်ရေးအတွက် ငွေသုံးနိုင်သော နိုင် ငံအဖြစ် ရပ်တည်လာနိုင်မည်ဟုလည်း သုတေသီများက သုံးသပ်ထားသည်။

အစောပိုင်းက ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က မိမိတို့ နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ် လျှော့ချမှုအပေါ် ဝေဖန်နေသည်များအား "ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ ကာကွယ်ရေး အသုံးစရိတ် စတုတ္ထ အမြင့်ဆုံး နိုင်ငံ အနေနဲ့ ရှိနေတုန်းပါပဲ။ ပြီးတော့ အကောင်းဆုံး လက်နက်ကိုင် တပ်ဖွဲ့တွေလည်း ရှိနေတယ်။ ကျွန်တော် ဝန်ကြီး
ချုပ်အဖြစ် တာဝန်ယူထားသ၍ ဒီလမ်းစဉ်ကို ကျင့်သုံးမှာပဲ"ဟု တုံ့ပြန်ခဲ့သည်။ သို့သော်လည်း လက်တွေ့တွင်မူ ရုရှား၏ ကာ
ကွယ်ရေး အသုံးစရိတ်သည်ပင် ဗြိတိန်ကို ကျော်တက်နေပြီဟု ပညာရှင်များက ထောက်ပြခဲ့သည်။

Janes သုတေသန ဌာနက (၂၀၁၃)ခုနှစ်တွင် ဗြိတိန်၏ ကာကွယ်ရေး အသုံးစရိတ်သည် ဒေါ်လာ (၅၈.၆)ဘီလျံသာ ရှိပြီး ၎င်း၏ အထက်တွင် အမေရိကန်၊ တရုတ်၊ ရုရှားနှင့် ဂျပန်တို့က ရပ်တည်နေကြောင်း ဖော်ပြခဲ့ သည်။ ယမန်နှစ်က ရုရှားသည် ပဉ္စမ နေရာသာ ရှိခဲ့သော်လည်း ယခုအခါ တတိယ နေရာသို့ ရောက်သွားပြီး ဂျပန်က စတုတ္ထနေရာ ဆင်းပေး လိုက်ရသည်။

အကြီးတန်း သုတေသနမှူး ဘန်မိုးရက်စ်က "အမှန်တရားက ကျွန်တော်တို့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အနှစ်သာရအပြည့် စွမ်းဆောင်နိုင်မှုတွေ လျော့ကျလာနေတယ် ဆိုတာပါပဲ။ လိုအပ်ချက်အတိုင်း ကျွန်တော်တို့ တပ်ဖွဲ့တွေက မဖြည့်ဆည်းနိုင်ဘူး"ဟု မှတ်ချက်ပြုခဲ့သည်။

အိန္ဒိယသည် ယမန်နှစ်က ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ (၄၄.၂)ဘီလျံ အသုံးပြုခဲ့ပြီး (၂၀၂၀)ပြည့်နှစ်တွင် ဒေါ်လာ (၆၆.၃)သန်းမျှ အသုံးပြုလာမည့် အခြေအနေ ရှိနေသည်။ ဗြိတိန် စစ်ဘက်တွင်လည်း အစိုးရ၏ ကာကွယ်ရေး အသုံးစရိတ် လျှော့ချမှုနှင့် ပတ်သက်ပြီး ဝေဖန်ပြစ်တင်မှုများ ရှိနေကြောင်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment