ဂျနီဖာ လိုပက်ဇ်က မိမိသည် အနုပညာသည် ဘဝကို ခံယူခွင့်ရရေး အတွက်
အိမ်ခြေရာမဲ့ ဘဝ ကို ခေတ္တ ဖြတ်သန်းဖူးကြောင်း ထုတ်ဖော် ဝန်ခံခဲ့သည်။ အသက်(၄၃)နှစ်ရှိ
အဆိုတော် မင်းသမီး သည် ယခုအခါ ဟောလီးဝုဒ် ၏ ရွှေကြယ်ပွင့် တစ်ဦးအဖြစ်
ရပ် တည်နေသော်လည်းငယ်စဉ်ကမူအနုပညာအလုပ်အတွက် မိခင်ဖြစ် သူကို
တိုက်ပွဲဝင်ခဲ့ရကြောင်း ဆိုသည်။
သူမ၏ မိခင်က မကြည်ဖြူသဖြင့် ဂျနီဖာသည် နေအိမ်မှ ထွက်ခွာလာကာ စတူဒီယိုတွင် ညအိပ်ရသည့် အိမ်ခြေရာ မဲ့ ဖြစ်ခဲ့ ဖူးကြောင်း သိရသည်။ Wမဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဂျနီဖာက "ကျွန်မ အမေနဲ့ ပြဿ နာ တော်တော် တက် ခဲ့တာ။ ကျွန်မ က ကောလိပ်မသွားချင်ဘူး။ ကျွန်မက အချိန်ပြည့် ကချင်နေတဲ့သူ မျိုး မဟုတ်လား"ဟု ဆိုသည်။

သူမက "ကျွန်မရဲ့ ဆန္ဒကို အမေက လက်မခံတော့ ကျွန်မတို့ချင်း သီးခြားဖြစ်သွားတယ်။ အကစတူဒီယို တစ်ခုက ဆိုဖာမှာ ကျွန်မ ညအိပ်ခဲ့ရပါတယ်။ အဲဒီတုန်းက ကျွန်မ အိမ်ခြေရာမဲ့ ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်မ အမေကို ပြောတယ်။ ဒါဟာ ကျွန်မ လုပ်ကိုလုပ်မယ့် အရာပဲလို့။ လနည်းနည်းကြာတော့ ဥရောပမှာ အကအတွက် အလုပ်တစ်ခု စရတယ်။ နောက်တော့ ကျွန်မ နာမည်လေးရလာတယ်။
လော့စ်အန်ဂျလိစ်ကို ပြောင်းခဲ့တယ်။ ဒါတွေအားလုံး တစ်နှစ်လောက် အချိန်အတွင်းမှာ ပြောင်းလဲလာတာ ပါပဲ"ဟုလည်း ပြောကြားခဲ့သည်။
သူမက လော့စ်အန်ဂျလိစ်တွင် အစပိုင်း အခြေမကျခဲ့ဟုလည်း ဝန်ခံသည်။ "လော့စ်အန်ဂျလိစ်ကို ကျွန်မ မုန်းမိခဲ့တယ်။ လူတွေက လမ်းမထွက် ဘူး။ နို့တစ်ဘူးဝယ်ဖို့ လိုက်မေးနေရတယ်။ ခုတော့ ကျွန်မ ပျော်နေ ပါပြီ"ဟုလည်း ဂျနီဖာက ဖွင့်ဟသွားသည်။
Planet Myanmar Network
0 comments:
Post a Comment