10.7.13

မန္တလေးတိုင်းတွင် ခြောက်လအတွင်း မီးလောင်မှု ၁၇၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လူလေးဦး သေဆုံး


မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ချီပါရပ်ကွက်၌ ဧပြီ ၁၁ ရက်က မီးလောင်မှု ဖြစ်ပွားနေစဉ်

၂၀၁၃ ခုနှစ် ပထမခြောက်လတာကာလအတွင်း မန္တလေးတိုင်းဒေသကြီးတွင် မီးလောင်ကျွမ်းမှု ၁၇၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လူလေးဦးသေဆုံးခဲ့ကြောင်း မန္တလေးတိုင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှု လချုပ်စာရင်းများအရ မီးလောင်မှု ဖြစ်စဉ်များသည် ပေါ့ဆမီးကြောင့်သာအများဆုံး လောင် ကျွမ်းခဲ့ပြီး စုစုပေါင်း ၆၃ ကြိမ် လောင်ကျွမ်းခဲ့ကြောင်း၊ ၀ိုင်ယာရှော့ကြောင့် မီးလောင်မှုမှာ ၄၁ ကြိမ် ဖြစ် ပွားခဲ့ပြီး မီးဖိုမီး ၃၂ ကြိမ်၊ ရှို့မီး ၃၂ ကြိမ်၊ အလိုအလျောက်မီး ၁၀ ကြိမ်နှင့် တောမီးလေးကြိမ် လောင်ကျွမ်း ခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုများကြောင့် လူလေးဦး သေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့ ကာ နေအိမ်ခြေ ၁၅၆၈ လုံး၊ ဂိုဒေါင်ရှစ်လုံးနှင့် စက်ရုံသုံးရုံ မီးလောင်ကျွမ်းခဲ့သည်။

ကာလတူနှိုင်းယှဉ်ပါက ၂၀၁၂ ခုနှစ် ပထမခြောက်လတာကာလတွင် မန္တလေးတိုင်းဒေသကြီးတွင် မီးလောင် ကျွမ်း မှုပေါင်း ၁၁၄ ကြိမ် ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ မီးလောင်မှုများတွင် ပေါ့ဆ မီးကြောင့် ၅၃ ကြိမ်၊ မီးဖိုမီးကြောင့် ၄၃ ကြိမ် လောင်ကျွမ်းခဲ့ပြီး လျှပ်စစ်မီး ၂၂ ကြိမ်၊ အလိုအလျောက် မီး ခြောက်ကြိမ်နှင့် ရှို့မီးသုံးကြိမ်ရှိခဲ့ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment