10.7.13

"ခွေးများအသုံးပြုကာ မူးယစ်ဆေးဝါးမှောင်ခိုမှု ကျူးလွန်သူများကို အီတလီတွင် ဖမ်းဆီး"

အီတလီနိုင်ငံတွင်ခွေးများကိုအသုံးပြုပြီး မူးယစ်ဆေး ဝါး မှောင်ခိုမှု ကျူးလွန်နေသူများကို တရားစွဲဆို ထားကြောင်း သိရှိရသည်။ မက္ကစီကိုနိုင်ငံရှိ တိရ စ္ဆာန် ဆေးကုခန်းတစ်ခု၌ အရွယ်အစား ကြီးမားေ သာ ခွေးကြီး များအား ကိုကင်းထည့်ထားသည့် အထုပ်များကို အတင်းအကျပ် မျိုချထားစေပြီး ၎င်းတို့ကို အီတလီနိုင်ငံ၊ မီလန်မြို့သို့ လေယာဉ်ဖြင့် သယ်ယူကာ မူးယစ်ဆေးဝါး မှောင်ခိုလမ်းကြောင်း တည်ထောင် ထားခြင်း ဖြစ်သည်။ ယခုအခါ ယင်းအမှုနှင့် ဆက်နွယ်သူ (၄၉)ဦးကို အီတလီတွင် တရားစွဲဆိုထားပြီ ဖြစ်သည်။
ရဲများက အီတလီရှိ မူးယစ်ဆေးဝါး လက်ခံယူသော အဖွဲ့သည် မက္ကစီကိုမှ ရောက်လာသော ခွေးများကို သတ်ဖြတ်ကာ ကိုယ်တွင်း ကလီစာများကို ခွဲစိတ် ဖယ်ရှားပြီး ကိုကင်းများကို စုဆောင်း ရယူကြောင်း ပြောဆိုခဲ့သည်။ ယင်းသတင်းသည် တိရစ္ဆာန် အ
ခွင့်အရေး လှုပ်ရှားသူများအတွက် ခြောက်ခြားတုန်လှုပ်စ
ရာ ဖြစ်ခဲ့သည်။

ယခုအမှုတွင် အီကွေဒေါ၊ ပီရူးနှင့် ဆယ်လ်ဗာဒိုး နိုင်ငံသားများ ပါဝင်သော ဂိုဏ်းအဖွဲ့သည် အီတလီ၌ အမှုရင်ဆိုင်ရတော့မည် ဖြစ်သည်။ ယင်းတို့
သည် အသက်(၁၉)နှစ်မှ (၃၇)နှစ်ကြား အရွယ် လူငယ်ပိုင်းများ ဖြစ်ကြပြီး ‪#‎Pandillas‬ အမည်ဖြင့် လှုပ်ရှားနေသော မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်း တစ်ခုဟု သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment