10.7.13

လေကြောင်းနဲ့ ခရီးသွားလာခြင်းက ဘေးအန္တရာယ် အကင်းဆုံးဟုဆို


မကြာသေးခင်ကမှ အမေရိကန်မှာ လေယာဉ်ပျက်ကျမှု သတင်းတွေ ကြားနေရပြီး ရက်ပိုင်းအတွင်းမှာပဲ လေကြောင်းနဲ့ ခရီးသွားလာရမှုဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ ခရီးသွားလာမှု နည်းလမ်းအားလုံးထဲမှာ အကောင်း ဆုံး ဖြစ် တယ်လို့ စာရင်းဇယားတွေနဲ့ ထောက်ပြလာတာကို တွေ့ရပါ တယ်။ ကဲ ဒီတော့ လေကြောင်းနဲ့ ခရီးသွားလာမှုဟာ အကောင်း ဆုံး ဖြစ်တယ်ဆိုတာ မှန်ကန်ရဲ့လားဆိုတာ ကြည့်ရအောင်ဗျာ။

နောက်ဆုံး ကောက်ယူမှု လုပ်ဆောင်ခဲ့တဲ့ စစ်တမ်းများအ ရတော့ လေကြောင်း ခရီးနဲ့ သွားလာရင်း သေဆုံးမှု နှုန်းဟာ ခရီးသည် တစ်ယောက်ဟာ ခရီးမိုင် သန်းတစ်ရာ သွားရောက်ပြီးတိုင်းမှာ သေ ဆုံးနှုန်းက ၀.၀၀၃ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုပါတယ်။

အခြားသော ခရီးသွားလာရေး နည်းလမ်းတွေ ဖြစ်တဲ့ ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်းတွေနဲ့ သေဆုံးရမှုကတော့ ခရီးမိုင် သန်းတစ်ရာအတွက် ၀.၀၅ရာခိုင်နှုန်း၊ ရထားနဲ့ သွားလာမှုက ခရီးမိုင် သန်းတစ်ရာအတွက် ၀.၀၆ရာခိုင်နှုန်းနဲ့ ကိုယ်ပိုင်ကားနဲ့ သွားလာရမှု အပိုင်းမှာတော့ အဆိုးဆုံး ဖြစ်ပြီး ခရီးမိုင် သန်းတစ်ရာမှာ ၀.၆၁ ရာခိုင်နှုန်း သေဆုံးမှုရှိတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် ဒီစာရင်းဇယားတွေ အရ လေကြောင်းနဲ့ ခရီးသွားလာမှု ဟာ ဘေးအန္တရာယ် အကင်းရှင်းဆုံး ခရီးသွားလာမှု ဖြစ်ပြီး ခြေကျင် ခရီးသွားတွေ ထက်တောင်မှ အန္တရာယ် ကင်းပါသေးတယ်တဲ့။ အကြောင်းကတော့ ခြေကျင်ခရီးသွား ၁၀၀,၀၀၀မှာ ၁.၅၈ရာခိုင်နှုန်းဟာ လမ်းအန္တရာယ်တစ်ခုခုကြောင့် သေဆုံးနေရလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

Myanmar ICT

0 comments:

Post a Comment