10.7.13

iPad 5မကြာခင် လာတော့မည်

Appleရဲ့ iPad 5ကတော့ မကြာခင် ဈေးကွက်မှာ ရောက်ရှိလာတော့မယ်လို့ ခန့်မှန်းသူတွေက ပြောနေကြ ပါပြီ။ iPad 5လို့ ခေါ်ဝေါ်နေတဲ့ Appleရဲ့ iPadအသစ်က ၉.၇ လက်မ Screenအရွယ် ရှိတဲ့ iPadဖြစ်မှာပါ။ သူ့ကို စက်တင်ဘာလအတွင်း မိတ်ဆက် ဖြန့်ချိသွားမယ်လို့ ယူဆကြောင်း Digitimesသတင်းစာက မနေ့ က ဖော်ပြသွားခဲ့ပါတယ်။

အဆိုပါ iPadအသစ်မှာ အထူးပါးလွှာအောင် ဖန်တီးထုတ်လုပ်ထားမယ် လို့ မျှော်လင့်လျက် ရှိနေပြီး Retina နည်းပညာသုံး iPadဖြစ်မှာပါ။ Retinaနည်းပညာကို ပထမဆုံးအသုံးပြုထုတ်လုပ်ထားတဲ့ iPad 3 မှာထူထဲပြီး အလေးချိန်များတာကြောင့် ဈေးကွက်မှာ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရ သေးတာကြောင့် ယခု iPadအသစ် ကိုတော့ တကယ်ကိုပါးလွှာအောင် ထုတ်လုပ်သွားလိမ့်မယ်လို့ မျှော်လင့်လျက် ရှိနေပါတယ်။ ကိုယ်ထည် ဒီဇိုင်းကတော့ iPad 4 လိုမျိုး ထုတ်လုပ်ထားမယ်လို့ ဖော်ပြထားပြီး Resolution က 2048×1536 Pixel တောင် ရှိမှာ ဖြစ်ကာ ဘက်ထရီ အပိုင်းမှာလည်း စွမ်းအင် သုံးစွဲမှု အတတ်နိုင်ဆုံး နည်းအောင် ထုတ်လုပ်သွားမယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၇.၉ လက်မ အရွယ်ရှိ Mini Retina လည်း ဖြန့်ချိဖို့ စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။

Ref: www.cnet.com
Myanmar ICT

0 comments:

Post a Comment