9.8.13

ပေါင် ၅၀၀ ရှိတဲ့ ဘိန်းဖြူတွေကို ထိုင်းရဲဖမ်းမိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဘိန်းဖြူအလေးချိန် ပေါင် ၅၀၀ ဒါမှမဟုတ် ကီလိုဂရမ် ၂၃၀ လက်ဝယ်ထားရှိမှုနဲ့ လူလေးယောက်ကို ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

တာဝန်သိပြည်သူ တစ်ဦးရဲ့ သတင်းပေးပို့ချက်ကြောင့် ဟိုတယ်တစ်ခုမှာ တည်းခိုနေတဲ့ အသက် ၃၉ နှစ်အရွယ် ထိုင်းနိုင်ငံသား တစ်ဦးကို ထိုင်းရဲတွေ ဖမ်းဆီးပြီး သူ့ရဲ့ ကားကို ရှာဖွေတဲ့အခါ ပေါင် ၅၀၀ ရှိတဲ့ ဘိန်းဖြူအိတ်အလုံး ၇၀၀ ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။



အဲဒီအမှုနဲ့ ဆက်နွယ်ပြီး အသက် ၅၃ နှစ်နဲ့ ၄၃ နှစ်အရွယ် တရုတ်နိုင်ငံသား ၂ ဦးနဲ့ အသက် ၄၃ နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသား တစ်ဦးကို ထိုင်းနိုင်ငံ နိုင်ငံတကာ လေဆိပ်မှာ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိထားတဲ့ ဘိန်းဖြူကီလိုဂရမ် ၂၃၀ ရဲ့ တန်ဖိုး ဘယ်လောက်ရှိနိုင်တယ်ဆိုတာကို ရဲတွေက မပြောခဲ့ပါဘူး။

လွန်ခဲ့တဲ့ ဂျွန်လတုန်းကလည်း ထိုင်းရဲတွေ ဘိန်းဖြူ ကီလိုဂရမ် ၁၂၅ ကီလို မီးရှို့ဖျက်ဆီးလိုက်ပြီးနောက် တရားမဝင်မှုးယစ်ဆေးဝါးကုန်ကူးမှု နှိမ်နင်းရေးတွေ ပိုမို လုပ်ဆောင်လာနေပါတယ်။

မနေ့တုန်းကပဲ မြန်မာနိုင်ငံကနေ သယ်ယူလာတဲ့ ထိုင်းဘတ်ငွေ သန်း တစ်ထောင်ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်အတွင်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။

ABC Radio Australia

ထိုင်း-မြန်မာ နယ်စပ်မှာလည်း တရားမဝင် မူးယစ်ဆေးဝါးတွေကို မကြာခဏ ဖမ်းဆီးရမိလေ့ရှိပါတယ်။ (Credit: ABC)

0 comments:

Post a Comment