9.8.13

သြစီအစိုးရက ရွှေးကော်ပွဲမှာ အနိုင်ရဖို့ အတော်ကြိုးစားရမှာဖြစ်

သြစတြေးလျ နိုင်ငံက အထွေထွေရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ အစိုးရ ပါတီက လွှတ်တော်မှာ လိုအပ်တဲ့ ရွေးကောက်ခံမှု အသာရဖို့ အတော့်ကို ကြိုးစား နေရ ပြီး၊ ဝန်ကြီးချုပ် Kevin Rudd က အကယ်၍ ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ တရက်က ကျင်းပမယ်ဆိုရင် သူဦးဆောင် နေတဲ့ပါတီဟာ ရှုံးဖို့ သေချာ တယ်လို့ ဆိုပါတယ်။


မနေ့က ဝန်ကြီးချုပ် Kevin Rudd က Queensland ပြည်နယ် ဝန်ကြီးချုပ်ဟောင်း Peter Beattie ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေ ငြာခဲ့ပြီး - Peter Beattie က အခု အခါမှာ လက်ရှိ လေဘာပါတီကနေ နိုင်နိုင်သေးတဲ့ အခြေ အနေမှာရှိတဲ့အတွက် သူ့အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ချက်ချ ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂လ လောက်က အစိုးရတွင်း ဝန်ကြီးချုပ် ရာထူးကနေ ရှုံးနိမ့်သွါးတဲ့ ဝန်ကြီးချုပ်ဟောင်း Julia Gillard နဲ့အတူ ထိပ်တန်းဝန်ကြီးတွေ အလုပ်ကနေ နှုတ်ထွက်သွားတဲ့အတွက် မဲဆန္ဒနေရာ အတော်များများမှာ ကိုယ်စားလှယ်သစ်တွေ ခန့်ပြီး အတော်ကို စည်းရုံးမှုတွေ လုပ်နေရပါတယ်။

အတိုက်အခံခေါင်းဆောင် Tony Abbott နဲ့ ဝန်ကြီး ချုပ် Kevin Rudd တို့ ရဲ့ ပထမဦးဆုံး အကြိမ် စကားရေလုပွဲကို လာမည့် တနင်္ဂနွေနေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အတိုက်အခံ ခေါင်းဆောင်က ဝန်ကြီး ချုပ် Kevin Rudd နဲ့ စကားရည်လုပွဲကို စောစောပိုင်းက ရှောင်နိုင်သလောက်ရှောင်ခဲ့ပါတယ်။

လက်ရှိ အစိုးရပါတီ ဘက်ကတော့ စကားရည်လုပွဲကို ABC ဌါနကို သဘာပတိ အဖြစ် ဆောင်ရွက်စေလိုပေမဲ့၊ ခေတ်အဆက်ဆက်က ABC ကို လေဘာပါတီဘက် ယိမ်းတယ်ဆိုတဲ့ အမြင်တွေ စွပ်စွဲချက်တွေ ရှိခဲ့တာကြောင့် လက်မခံသေးတဲ့ အကြောင်းသိရပါတယ်။

လေဘာပါတီက သြစတြေးလျ နိုင်ငံက အဓိကကျတဲ့ ရုပ်သံဌါန အားလုံးကို ကမကထ လုပ်စေလိုတဲ့အကြောင်း၊ စကားရည်လုပွဲမှာ နိုင်ငံလုံခြုံရေး၊ စီးပွါးရေးနဲ့ ရာသီဥတု၊ ကျန်းမာရေးနဲ့ ပညာရေး ကိစ္စ အကြောင်း အရာတွေ ဆွေးနွှေးဖို့ ကမ်းလှမ်းထားပါတယ်။

အတိုက်အခံပါတီ ဘက်ကတော့ Sydney နဲ့ Brisbane မြို့ က မြို့တော်ခန်းမ တွေမှာ စကားရည် လုပွဲကျင်းပ လိုတယ်လို့ ပြောပါတယ်။

ABC Radio Australia

လာမယ့် တနင်္ဂနွေနေ့မှာ ဝန်ကြီးချုပ် ကယ်ဗင်ရဒ် (ဝဲ) နဲ့ အတိုက်အခံပါတီခေါင်းဆောင် တိုနီအာဘော့တ် (ယာ) တို့ စကားရည်ပွဲ ပြုလုပ်မယ်လို့ သိရ (Credit: AAP)

0 comments:

Post a Comment