9.8.13

H7N9 ကြက်ဌက်တုတ်ကွေး လူလူချင်း ကူးစက်နိုင်လို့ဆို

တရုတ်နိုင်ငံ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ H7N9 အမျိုးအစား ကြက်ဌက်တုတ်ကွေး ရောဂါသစ်ဟာ လူလူချင်းကို ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။

H7N9 အမျိုးအစား ကြက်ဌက်တုတ်ကွေးရောဂါသစ်ကို ဒီနှစ် မတ်လတုန်းက တရုတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း လူပေါင်း ၁၃၂ ယောက် ကူးစက်ခံရပြီး

၃၇ ယောက် သေဆုံးခဲ့ရပါတယ်။

H7N9 ဗိုင်းရပ်စ်အသစ်ဟာ H5N1 အမျိုးအစားထက် လူလူချင်း ကူးစက်နိုင်တဲ့ သက်သေတွေ တွေ့ခဲ့ရတယ်လို့ တရုတ်နိုင်ငံ တုတ်ကွေးဆိုင်ရာ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

မကြာသေးခင်ကပဲ ကြက်ဌက်တုတ်ကွေး ရောဂါကူးစက်ခံရတဲ့ ဖခင်ဖြစ်သူကို ပြုစုခဲ့တဲ့ သမီးဖြစ်သူလည်း ရောဂါကူးစက်ခံရပြီး နှစ်ယောက်စလုံး သေဆုံးသွားတဲ့ ကိစ္စကို ကြည့်ခြင်းအားဖြင့် လူလူချင်း ကူးစက်နိုင်ငံ သက်သေသာဓက ရှိပေမယ့် ကြက်ဌက်တုတ်ကွေး ရောဂါသည်ကို ပြုစုသူတိုင်း ကူးစက်ခံရမှုတော့ နည်းပါးတယ်လို့ ပြောပါတယ်။

ခုလောလောဆယ် တရုတ်နိုင်ငံမှာ ကြက်ဌက်တုတ်ကွေးရောဂါနဲ့ ပတ်သက်ပြီး ကူးစက်ခံရမှုတွေ လျော့နည်းလာပေမယ့် သတိထား စောင့်ကြည့်ရတဲ့ အနေအထား ရှိနေတုန်းပဲလို့ သိရပါတယ်။

ရောဂါဖြစ်နှုန်းကျဆင်းတာဟာ ကြက်၊ ဌက်၊ ဘဲ အကောင်ပေါင်း သန်းနဲ့ချီကို အာဏာပိုင်တွေက သုတ်သင်လိုက်တဲ့အတွက် ဖြစ်တာလား ဒါမှမဟုတ် ရာသီဥတု ပြောင်းလဲလာလို့ ရောဂါဖြစ်နှုန်း ကျဆင်းသွားတာလားဆိုတာကိုတော့ လေ့လာနေတုန်းပဲလို့ ဆိုပါတယ်။

ဆောင်းရာသီမှာ ကြက်ဌက်တုတ်ကွေးရောဂါရန် ပိုပြီး စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။

ABC Radio Australia

တိုင်ပေမြို့က ဘဲအရောင်းဆိုင်တစ်ခု (Credit: AFP)

0 comments:

Post a Comment