9.8.13

ရှားပါးရောဂါ တစ်မျိုးဖြစ်သည့် ပါးစပ်အတွင်း အသားပို ပေါက်နေသော အမေရိကန် ကလေးငယ်

အမေရိကန်နိုင်ငံ တန်နက်ဆီ ပြည်နယ် နက်ရှ်ဗေးလ်မြို့မှ အသက် (၁၂)ပတ် အရွယ်ရှိ မိုင်လေးဘူချာနန် ဆိုသူ ကလေးငယ်သည် အင်မတန်မှ ရှားပါးလှသော ရောဂါတစ်မျိုးဖြစ်သည့် ပါးစပ်အတွင်း အသားပို ပေါက်သည့် ဝေဒနာကို ခံစားရ လျက်ရှိကြောင်း သိရသည်။ အဆိုပါ အသားပိုသည် ကလေးငယ် ၏ ပါးစပ်အတွင်း ရှိပြီး ၎င်း၏ လည်ချောင်းကို လျှောကျ သွားစေသည်။


မိုင်လေး၏ အခြားဘက်ရှိ ဦးခေါင်းမှာ ပုံမှန်အတိုင်း ရှိသော်လည်း အဆိုပါကြီးမားလှသော အသားပိုကြီးကြောင့် ၎င်းခန္ဓာကိုယ်ကို ဖုံးကွယ်လု နီးနီးဖြစ်နေသည်။ အသားပို အတွင်းရှိ အရည်အိတ်များ ကျုံ့သွားစေရန်အတွက် ဆရာဝန်များက အဆိုပါ အသားပို အတွင်းသို့ ဆေးရည်များ အား လေးပတ် တစ်ကြိမ် ထိုးသွင်း ပေးခဲ့သော်လည်း အလုပ်မဖြစ် ခဲ့ပေ။

အဆိုပါ အသားပိုအား ခွဲစိတ်မှုပြုလုပ်ခြင်းသည် နောက်ဆုံးအဆင့်ဖြစ်သော်လည်း ထိုကဲ့သို့ ခွဲစိတ်မှုပြုလုပ်လိုက်ပါက မိုင်လေး၏ မျက်နှာအလှ ပျက်စီး သွားနိုင်ပြီး အသားပိုနှင့် ဆက်စပ်နေသော အာရုံကြောများနှင့် ကြွက်သားများ ပျက်စီး နိုင်ခြင်း သို့မဟုတ် သိုင်းရွိုက် အကျိတ်အား အကျိုး သက်ရောက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုကလေးငယ်သည် မည်သည့်အချိန်တွင် မည်ကဲ့သို့ဖြစ်မည်ကို ဆရာဝန်များ ကိုယ်တိုင်ကပင် မခန့်မှန်းနိုင်ကြောင်း၊ လက်ရှိအချိန်တွင် ကလေးငယ်၏ ကုသမှုကုန်ကျစရိတ် နှင့်ပတ်သက်၍ ပြောဆိုဆွေးနွေး လျက်ရှိကြောင်းနှင့် မိုင်လေးသည် ဒေါ်လာသန်းချီ တန်သော ကလေးငယ် တစ်ဦးဖြစ် လာ နိုင်ကြောင်း ၎င်း၏ဖခင် ဖြစ်သူ ဘိုင်ဘီးက ပြောကြား ခဲ့သည်။

လက်ရှိအချိန်တွင် မိုင်လေးအား ကုသပေးနေသည့် ဆရာဝန်များသည် ဘယ်တော့မှ မပြီး ဆုံးသော်လည်း ဘယ်တော့မှ မနိုင်သော တိုက်ပွဲ တစ်ခုကို ရင်ဆိုင် နေရသကဲ့သို့ ဖြစ်နေကြောင်း၊ သို့သော်လည်း ၎င်းတို့ အနေဖြင့် မိသားစု စိတ် ဓာတ်ကို လက်ကိုင်ထားပြီး လက်ရှိ အခြေအနေကို အကောင်း ဆုံးဖြစ်အောင် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဘိုင်ဘီး က ထပ်လောင်းပြောကြားခဲ့ ဟုသိရသည်။

မြ၀တီ

0 comments:

Post a Comment