15.8.13

မြန်မာပြည်လည်း စက်ရုံ လုပ်သား အခွင့်အရေး သေချာပြီလား

လက်တလောက သတင်းတစ်ခုဖတ်လိုက်ရလို့ပါ။ ဘရာဇီးနိုင်ငံမှာ ဖြစ် ပါတယ်။ ဘရားဇီးနိုင်ငံသားတွေကို အလုပ်ပေးတဲ့ Samsung ရဲ့  ကုန်ပစ္စည်း ထုတ် စက်ရုံမှာ လုပ်သား အခွင့်အရေး ချိုးဖောက် မှုကြောင့် ဘရာဇီး အစိုးရကိုယ်တိုင် တရားစွဲလိုက်ပြီ ဖြစ်ပါတယ်။

ဒီအတွက် Samsung ကို အမေရိကန်ဒေါ်လာ ၁၁၅ သန်း လျော်ကြေး ပေးဖို့ တောင်းဆိုထားပါတယ်။ ပြစ်မှုကတော့ အများကြီးပါပဲ။

အားလုံးပေါက်တွက်လိုက်ရင် ပြစ်မှုက ၂ထောင်ကျော်တောင် မကပါဘူး။ စက်ရုံစတင် လည်ပတ်တဲ့ ၁၉၉၆ ခုနှစ်က စလို့ ယနေ့အထိပဲ ဖြစ်ပါတယ်။

လုပ်သားတွေကို နားချိန် အပြည့်အဝမပေးမှု၊ ၆၅ စက္ကန့်အတွင်း တီဗီ တစ်လုံး အပြီးတပ်ဆင်ခိုင်းသလိုမျိုး မတရားခိုင်းစေမှု၊ လုပ်သား လစာ ဖြတ် တောက်မှု၊ လုပ်သားတို့ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး ကို ဦးစားမပေးမှု၊ တာဝန်မယူမှု အစရှိသဖြင့် ပြစ်မှုပေါင်းမြောက်များစွာ တတ်လို့ တရားအစွဲခံရခြင်း ဖြစ်ပါတယ်။

ဒါကြောင့် Samsung ဟာ လျော်ကြေးငွေအပြင် စက်ရုံမှာ တာဝန် ရှိတဲ့ ကိုရီးယား လူမျိုးအရာရှိများအထိပါ အပြစ်ကြီးသွား နိုင်တဲ့အနေအထား ဖြစ် ပါတယ်။

Samsung တစ်ခုတည်းရယ်လို့ မဟုတ်ပါဘူး။ Apple ကုန်ပစ္စည်း ထုတ်လုပ်ပေးတဲ့ တရုတ်ပြည်က စက်ရုံမှာလည်း အသက်မပြည့်တဲ့ လုပ်သား များ အသုံးပြုမှု၊ လုပ်သားများ ကိုယ့်ကို သေကြောင်းကြံ ရ လောက်အောင် ဖိအားပေးမှုများကြောင်း Apple လည်း လုပ်သားအခွင့်အရေးနဲ့ ပက်သက်ပြီး နာမည်ပျက်နေတာ ကြာပါပြီ။ Samsung, Apple ပဲမဟုတ်၊ အခြားသော Enterprise ကုမ္မဏီများ မှာလည်း လုပ်သားနဲ့ ပက်သက်ပြီး အခွင့်အရေးအချိုးဖောက်ခံရမှုက ပိုမို အဖြစ်များလာပါတယ်။

ဒီလိုနဲ့ အင်တာနက်က သတင်းတွေပဲ ဖက်နေမိလိုက်တာ စက်မှုဇုန်က နိုင်ငံခြားသားပိုင် စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မိတ်ဆွေ အစ်မတစ်ယောက်ကို သတင်းတွေတောင် မျှဝေမိလိုက်ပါသေးတယ်။ ဒီတော့ သူမက ရယ်မောပါတော့တယ်။ အကြောင်းပြချက်ကို မေးလိုက်တော့ "နင် ကိုယ့်တိုင်းပြည် သတင်းတွေကော ဖတ်ဘူးလား၊ စက်ရုံတွေကော လေ့လာမိလို့လား၊ ပြောရင် မျက်ရည်တွေ ဘူးသီးလုံးလိုက် ကျသွားမယ်" တဲ့။

ဒါနဲ့ ကျနော်လည်း မျက်ရည်ဘူးသီးလုံးလောက် ကျရမယ့် ဇာတ်လမ်း လေးတွေ နားထောင်ချင်လို့ပါလို့ပြောတော့ မြန်မာပြည်က စက်မှု ဇုန်တွေမှာ ဖြစ်ပျက်နေမှုတွေကို ရေမသောက်ပဲ မျှဝေပါတော့တယ်။

အသက်မပြည့်သူတွေလည်း ရှိတယ်။ ၁၂ နှစ်ကလေးတွေတောင် ရှိပါတယ်တဲ့။ လစာကလည်း မှန်မှန်မရဘူး။ လစာရလည်း အသက် အာမခံကြေး ဘာညာနဲ့ နားမလည်တဲ့ အခြေခံ လုပ်သားတွေ ဆီကနေ ပြန်ပြန်ဖဲ့ထုတ်တယ်။ ထိခိုက်ဒဏ်ရာအတွက် ဆေး တော့ ကုပေးတယ်။ သို့ပေမယ့် အသေးအမွား တွေပဲ တာဝန်ယူပေးကြီး ကြီးမားတဲ့ ကိစ္စတွေကျ ကျေနပ် လောက်အောင် မဖြေရှင်းပေးနိုင်ဘူး။

လုပ်ငန်းရှင်က နိုင်ငံခြားသား။ သို့ပေမယ့် မြန်မာပြည်သား အလုပ် သမားတွေကို တစ်နေ့မှ တစ်ခေါက် မှန်မှန် မဆဲရရင် အိပ်မပျော်တဲ့ သူမျိုး တွေလည်းရှိ။ ဥပဒေ အကြံပေးခန့်တယ်။ လက်တစ်လုံးကြား လှည့်ကွက်နဲ့ လုပ်သားတွေကို ဘယ်လိုပိုခိုင်းရမယ်။ ဘယ်လို လစာ ဖြတ်ရမယ်။ အစရှိသဖြင့်အထိတောင် ဆိုးပါသတဲ့။

အားလုံးကို ဆိုလိုခြင်းမဟုတ်ပါ။ တကယ်ကောင်းတဲ့ စက်ရုံနဲ့ လုပ်ငန်းရှင်တွေ လည်း အများကြီးရှိပါတယ်။ ခုက အချို့ ချို့ တွေကို ပြောတာပါ။ နားရက်မပေးတာတွေရော၊ လစာ ဖြတ်တာတွေရော၊ ခံစားခွင့် နည်းတာတွေကော စုံနေအောင် ကြားရတဲ့ သတင်းကြောင့် မြန်မာပြည်မှာလည်း စက်ရုံ၊ စက်မှုဇုန်က လုပ်သားတွေ အတွက် များစွာ ပြုလုပ်ပေးရအုံးမယ်လို့ ဆိုပါတယ်။ အချို့ ကျတော့လည်း ဥပဒေ ဘောင်ကအတွင်း လုပ်သားအခွင့်အရေးကို မချိုးဖောက်ဘူး။ ခံစားခွင့်ပေးတယ်။ အဆောင်ပေးတယ်။ သို့ပေမယ့် လက်တစ်လုံးကြား လုပ်ကွက်များကြောင့် ပြန်တရားစွဲရင်တောင် ကိုယ်ကခံရမယ့် အနေအထား ဖြစ်ကြောင်းတောင် ပါလိုက်ပါသေးတယ်။

ဒါက အားလုံဖြစ်နေတာရယ်လို့ မဟုတ်ပါဘူး။ အချို့ အချို့ သော စက်မှုဇုန်က လုပ်ငန်းတွေအချို့ မှာပါ။ ကောင်းတဲ့ လုပ်ငန်း၊ ကုမ္မဏီတွေ၊ ချမှတ်ထားတဲ့ ဥပဒေ စည်းမျဉ်းအတိုင်း လိုက်နာကျင့်သုံးတဲ့ ကုမ္မဏီတွေ လည်း မြောက်များစွာ ရှိပါတယ်။ ယခုက ယင်းကဲ့သို့ မကျင့်သုံး သေးတဲ့ ကုမ္မဏီများကိုသာ ဆိုလိုခြင်းပါ။ အများသိအောင် ရေးသား မျှဝေ ပေးလိုက် ရပါတယ်။
.
အောင်ခမ်း (TSJ team)

မြန်မာပြည်တွင် စက်မှုဇုန် အလုပ်သမား အခွင့်အရေး သေချာပြီလား


လက်တလောက သတင်းတစ်ခုဖတ်လိုက်ရလို့ပါ။ ဘရာဇီးနိုင်ငံမှာ ဖြစ် ပါတယ်။ ဘရားဇီးနိုင်ငံသားတွေကို အလုပ်ပေးတဲ့ Samsung ရဲ့  ကုန်ပစ္စည်း ထုတ် စက်ရုံမှာ လုပ်သား အခွင့်အရေး ချိုးဖောက် မှုကြောင့် ဘရာဇီး အစိုးရကိုယ်တိုင် တရားစွဲလိုက်ပြီ ဖြစ်ပါတယ်။

ဒီအတွက် Samsung ကို အမေရိကန်ဒေါ်လာ ၁၁၅ သန်း လျော်ကြေး ပေးဖို့ တောင်းဆိုထားပါတယ်။ ပြစ်မှုကတော့ အများကြီးပါပဲ။ အားလုံးပေါက်တွက်လိုက်ရင် ပြစ်မှုက ၂ထောင်ကျော်တောင် မကပါဘူး။ စက်ရုံစတင် လည်ပတ်တဲ့ ၁၉၉၆ ခုနှစ်က စလို့ ယနေ့အထိပဲ ဖြစ်ပါတယ်။

လုပ်သားတွေကို နားချိန် အပြည့်အဝမပေးမှု၊ ၆၅ စက္ကန့်အတွင်း တီဗီ တစ်လုံး အပြီးတပ်ဆင်ခိုင်းသလိုမျိုး မတရားခိုင်းစေမှု၊ လုပ်သား လစာ ဖြတ် တောက်မှု၊ လုပ်သားတို့ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး ကို ဦးစားမပေးမှု၊ တာဝန်မယူမှု အစရှိသဖြင့် ပြစ်မှုပေါင်းမြောက်များစွာ တတ်လို့ တရားအစွဲခံရခြင်း ဖြစ်ပါတယ်။

ဒါကြောင့် Samsung ဟာ လျော်ကြေးငွေအပြင် စက်ရုံမှာ တာဝန် ရှိတဲ့ ကိုရီးယား လူမျိုးအရာရှိများအထိပါ အပြစ်ကြီးသွား နိုင်တဲ့အနေအထား ဖြစ် ပါတယ်။

Samsung တစ်ခုတည်းရယ်လို့ မဟုတ်ပါဘူး။ Apple ကုန်ပစ္စည်း ထုတ်လုပ်ပေးတဲ့ တရုတ်ပြည်က စက်ရုံမှာလည်း အသက်မပြည့်တဲ့ လုပ်သား များ အသုံးပြုမှု၊ လုပ်သားများ ကိုယ့်ကို သေကြောင်းကြံ ရ လောက်အောင် ဖိအားပေးမှုများကြောင်း Apple လည်း လုပ်သားအခွင့်အရေးနဲ့ ပက်သက်ပြီး နာမည်ပျက်နေတာ ကြာပါပြီ။ Samsung, Apple ပဲမဟုတ်၊ အခြားသော Enterprise ကုမ္မဏီများ မှာလည်း လုပ်သားနဲ့ ပက်သက်ပြီး အခွင့်အရေးအချိုးဖောက်ခံရမှုက ပိုမို အဖြစ်များလာပါတယ်။

ဒီလိုနဲ့ အင်တာနက်က သတင်းတွေပဲ ဖက်နေမိလိုက်တာ စက်မှုဇုန်က နိုင်ငံခြားသားပိုင် စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မိတ်ဆွေ အစ်မတစ်ယောက်ကို သတင်းတွေတောင် မျှဝေမိလိုက်ပါသေးတယ်။ ဒီတော့ သူမက ရယ်မောပါတော့တယ်။ အကြောင်းပြချက်ကို မေးလိုက်တော့ "နင် ကိုယ့်တိုင်းပြည် သတင်းတွေကော ဖတ်ဘူးလား၊ စက်ရုံတွေကော လေ့လာမိလို့လား၊ ပြောရင် မျက်ရည်တွေ ဘူးသီးလုံးလိုက် ကျသွားမယ်" တဲ့။

ဒါနဲ့ ကျနော်လည်း မျက်ရည်ဘူးသီးလုံးလောက် ကျရမယ့် ဇာတ်လမ်း လေးတွေ နားထောင်ချင်လို့ပါလို့ပြောတော့ မြန်မာပြည်က စက်မှု ဇုန်တွေမှာ ဖြစ်ပျက်နေမှုတွေကို ရေမသောက်ပဲ မျှဝေပါတော့တယ်။

အသက်မပြည့်သူတွေလည်း ရှိတယ်။ ၁၂ နှစ်ကလေးတွေတောင် ရှိပါတယ်တဲ့။ လစာကလည်း မှန်မှန်မရဘူး။ လစာရလည်း အသက် အာမခံကြေး ဘာညာနဲ့ နားမလည်တဲ့ အခြေခံ လုပ်သားတွေ ဆီကနေ ပြန်ပြန်ဖဲ့ထုတ်တယ်။ ထိခိုက်ဒဏ်ရာအတွက် ဆေး တော့ ကုပေးတယ်။ သို့ပေမယ့် အသေးအမွား တွေပဲ တာဝန်ယူပေးကြီး ကြီးမားတဲ့ ကိစ္စတွေကျ ကျေနပ် လောက်အောင် မဖြေရှင်းပေးနိုင်ဘူး။

လုပ်ငန်းရှင်က နိုင်ငံခြားသား။ သို့ပေမယ့် မြန်မာပြည်သား အလုပ် သမားတွေကို တစ်နေ့မှ တစ်ခေါက် မှန်မှန် မဆဲရရင် အိပ်မပျော်တဲ့ သူမျိုး တွေလည်းရှိ။ ဥပဒေ အကြံပေးခန့်တယ်။ လက်တစ်လုံးကြား လှည့်ကွက်နဲ့ လုပ်သားတွေကို ဘယ်လိုပိုခိုင်းရမယ်။ ဘယ်လို လစာ ဖြတ်ရမယ်။ အစရှိသဖြင့်အထိတောင် ဆိုးပါသတဲ့။

အားလုံးကို ဆိုလိုခြင်းမဟုတ်ပါ။ တကယ်ကောင်းတဲ့ စက်ရုံနဲ့ လုပ်ငန်းရှင်တွေ လည်း အများကြီးရှိပါတယ်။ ခုက အချို့ ချို့ တွေကို ပြောတာပါ။ နားရက်မပေးတာတွေရော၊ လစာ ဖြတ်တာတွေရော၊ ခံစားခွင့် နည်းတာတွေကော စုံနေအောင် ကြားရတဲ့ သတင်းကြောင့် မြန်မာပြည်မှာလည်း စက်ရုံ၊ စက်မှုဇုန်က လုပ်သားတွေ အတွက် များစွာ ပြုလုပ်ပေးရအုံးမယ်လို့ ဆိုပါတယ်။ အချို့ ကျတော့လည်း ဥပဒေ ဘောင်ကအတွင်း လုပ်သားအခွင့်အရေးကို မချိုးဖောက်ဘူး။ ခံစားခွင့်ပေးတယ်။ အဆောင်ပေးတယ်။ သို့ပေမယ့် လက်တစ်လုံးကြား လုပ်ကွက်များကြောင့် ပြန်တရားစွဲရင်တောင် ကိုယ်ကခံရမယ့် အနေအထား ဖြစ်ကြောင်းတောင် ပါလိုက်ပါသေးတယ်။ ဒီတော့ လုပ်သားဥပဒေ မှာလည်း လိုအပ်ချက်ရှိနေတယ်လို့ ထောက်ပြတာနဲ့ အတူတူပါပဲ။

ဒါက အားလုံဖြစ်နေတာရယ်လို့ မဟုတ်ပါဘူး။ အချို့ အချို့ သော စက်မှုဇုန်က လုပ်ငန်းတွေအချို့ မှာပါ။ ကောင်းတဲ့ လုပ်ငန်း၊ ကုမ္မဏီတွေ၊ ချမှတ်ထားတဲ့ ဥပဒေ စည်းမျဉ်းအတိုင်း လိုက်နာကျင့်သုံးတဲ့ ကုမ္မဏီတွေ လည်း မြောက်များစွာ ရှိပါတယ်။ ယခုက ယင်းကဲ့သို့ မကျင့်သုံး သေးတဲ့ ကုမ္မဏီများကိုသာ ဆိုလိုခြင်းပါ။ အများသိအောင် ရေးသား မျှဝေ ပေးလိုက် ရပါတယ်။

အောင်ခမ်း (TSJ team)

0 comments:

Post a Comment