15.8.13

ရွှေဂုံတိုင် ခုံးကျော်တံတားစီမံကိန်းအတွက် ယာဉ်ကြောတစ်ကြော ခေတ္တပြောင်းလဲမည်

ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်နေသည့် စီမံကိန်း ကာလတွင် ခုံးကျော်တံတားတောင်ဘက် ဇီဝိတဒါန သံဃာ့ဆေးရုံးကြီးဘက် ခြမ်း၌ရှိသည့် ယာဉ်ကြောတစ်ကြော အား သြဂုတ်လ(၆)ရက်မှစ၍ ပိတ် သွားမည်ဖြစ်သဖြင့် (၁၀)ပေ အထက် ယာဉ်များရှောင်ကွင်းလမ်း မှ မောင်း နှင်းသွားလာကြရမည် ဖြစ်ကြောင်း သိရသည်။


ယာဉ်ကြောသွားလာခွင့်ပိတ် ထားရာတွင် (၁၀)ပေအောက် ယာဉ် အမျိုးအစားများကို ဖြတ်သန်းသွား လာခွင့်ပေးထားမည်ဖြစ်ပြီး (၁၀)ပေ နှင့်အထက်ပိုသော ယာဉ်လတ်များ၊ ယာဉ်ကြီးများနှင့်ခရီးသည်တင်ယာဉ် များမူ ရှောင်ကွင်းလမ်းမှ မောင်းနှင် သွားလာရမည်ဖြစ်ကြောင်း သိရသည်။ ရှောင်ကွင်းလမ်းအား အနောက်ရွှေဂုံ တိုင်လမ်း၊ ရေတာရှည်လမ်း၊ ကြား တောရလမ်းများ သတ်မှတ်ထားပြီး စက်တင်ဘာလ (၁၈) ရက်ထိ ကြာ မြင့်မည်ဖြစ်ကြောင်း သိရသည်။

ရှောင်ကွင်း မောင်းနှင်းရမည့် ယာဉ်များယာဉ်ကြောကျပ်မှုများ မ ဖြစ်ပေါ်စေရန် ယာဉ်ထိန်းရဲများအား ရှောင်ကွင်းလမ်းများ တစ်လျှောက် ချထားပေးမည်ဖြစ်ပြီး စည်ပင်သာယာ ရေးကော်မတီနှင့် မ.ထ.သ တို့ပူးပေါင် ပါဝင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြသည်။

]] အနောက် ရွှေဂုံတိုင်ရယ်၊ ကြားတောရရယ်၊ ဗဟန်းဈေးရှေ့ပေါ့။ အဲဒီတစ်လျှောက်ပေါ့။ ယာဉ်ထိန်း ရဲတပ်ဖွဲ့(၁၀)ဦးချထားတယ်။

စည်ပင်အဖွဲ့(၁၀)ယောက် ရှိ တယ်။ မ.ထ.သ က ဟိုဘက်ကနေ ဒီကြားထဲကို Busမှတ်တိုင် လုပ်ပေး လိုက်တယ်။ သူတို့ကလည်း သူတို့ ယာဉ်တွေကို ထိန်းဖို့ဆိုပြီး မ.ထ.သ တွေ(၁၀)ဦး ထားတယ်။ ဒီရှောင်ကွင်း လမ်းတစ်လျှောက်မှာ လိုအပ်တဲ့နေရာ တွေမှာ တစ်ဖွဲ့စုမှူးက လိုအပ်သလို ယာဉ်ကြောကြပ်တည်းမှုတွေ မဖြစ် အောင် ယာဉ်ထိန်းရဲ တွေနေရာချထား ပေးသွားမှာပါ။ ဒီလမ်းပိတ်ထားတဲ့ ကာလမှာ အဲဒီအဖွဲ့တွေက ရှင်းလင်း ဆောင်ရွက်သွားမှာပါ။}} ဟုအဆိုပါ တာဝန်ရှိသူမှ ပြောကြားခဲ့သည်။

Auto World Journal

0 comments:

Post a Comment