15.8.13

မြန်မာနိုင်ငံ၌ စက်တင်ဘာ (၂၂) ရက်နေ့ကို မော်တော်ယာဉ် မသုံးစွဲရနေ့ အဖြစ် သတ်မှတ်မည်ဟုဆို

ကမ္ဘာ့နိုင်ငံ အသီးသီး၌ မော်တော်ယာဉ် မသုံးစွဲရနေ့ သတ်မှတ် ကျင့်သုံး မှုများရှိရာ အဆိုပါအစီအစဉ်ကို ယခုအခါ မြန်မာနိုင်ငံ၌ လာမည့် စက်တင်ဘာ လမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်း ရေးကြီးကြပ်မှုကော်မတီ (မ.ထ.သ) ဗဟိုမှ အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။


ယခုကဲ့သို့ မော်တော်ယာဉ်မသုံးစွဲရနေ့ကို အကောင်အထည် ဖော်ရခြင်း မှာ နေ့စဉ်မြို့ပြ၏ကားလမ်းမများပေါ်တွင် ပြေးဆွဲနေသော မော်တော်ယာဉ် များကြောင့် ဘေးပတ်ဝန်းကျင်ကို ဆူညံသံများဖြစ်ပေါ်စေကြောင်း၊ မော်တော် ယာဉ်များမှ ထွက်ရှိသော အိတ်ဇောငွေ့များသည် အများပြည်သူတို့၏ ကျန်းမာ ရေးကို ထိခိုက်မှုဖြစ်ပွားစေကြောင်း၊ အဆိုပါ လေထုညစ်ညမ်းမှုကို အများ အပြား လျှော့ချနိုင်သေးသည့် အချိန်တွင် ယခုအခါ ရက်သတ္တပတ်သော်လည်း ကောင်း၊ တစ်နှစ်မှာ တစ်ရက်သော်လည်းကောင်း လျှော့ချလိုက်သည့်အတွက် မော်တော်ယာဉ်မှ ရရှိသော ဆိုးကျိုးများကို လျှော့ကျစေကြောင်းနှင့် သန့်ရှင်း သည့် မြို့ပြလေထုကို ရှုရှိုက်နိုင်သည့် ကောင်းကျိုးများကြောင့် မော်တော် ယာဉ်မသုံးစွဲရနေ့ကို သတ်မှတ်သွား မှာဖြစ်ကြောင်း သိရှိရသည်။

ယာဉ်မသုံးစွဲရနေ့တွင် မော်တော် ယာဉ်များအစား စက်ဘီးများ စီးနင်း ခြင်း၊ လမ်းလျှောက်ခြင်းတို့ ပြုလုပ်ပါက ပြည်သူလူထု၏ ကျန်းမာရေးလည်း ကောင်းမွန်စေကြောင်း၊ ယာဉ်မသုံးစွဲရနေ့တွင် ရှိသမျှ မော်တော်ယာဉ် အား လုံး၏ ပြေးဆွဲမှုကို ရပ်တန့်စေမှာ မဟုတ်ဘဲ တတ်နိုင်သလောက်လျှော့ချ သွားမှာဖြစ်ကြောင်း၊ ယာဉ်မသုံးစွဲရနေ့တွင် အများပြည်သူ စီးနင်းသည့် ခရီး သည်တင်ယာဉ် ဘတ်စ်ကားများ၊ Taxi များ၊ လူနာတင်ယာဉ်များနှင့် လုပ်ငန်း သုံးယာဉ်များကိုသာ သွားလာစေမှာဖြစ်ကြောင်း သိရသည်။

ယာဉ်အသုံးမပြုရလမ်းများကိုလည်း အဆိုပါနေ့တွင် သတ်မှတ်သွားမှာ ဖြစ်ပြီး ယာဉ်မသုံးစွဲရလမ်းများတွင် စုပေါင်း၍ ကိုယ်လက်လှုပ်ရှားအားကစား များ ပြုလုပ်နိုင်ရန် စီစဉ်ပြုလုပ်ပေးသွားမည်ဖြစ်သည်။ ယခုအခါတွင် မြန်မာ နိုင်ငံတွင် ယာဉ်မသုံးစွဲရနေ့ကို စက်တင်ဘာ (၂၂) ရက်နေ့၌ ပြုလုပ်သွားနိုင်ရန် ဆွေးနွေးတိုင်ပင်နေကြပြီး အဆိုပါ ရက်ကို သတ်မှတ်ပြီးပါက ပြည်သူလူထုကို တရားဝင်ထုတ်ပြန်သွားမှာ ဖြစ်ကြောင်းသိရှိရသည်။

Auto World Journal

0 comments:

Post a Comment