15.8.13

တရုတ် နိုင်ငံတွင် အင်အားပြင်း ငလျင်လှုပ် ၇ဦးဒဏ်ရာရ နေအိမ် ၄၅ဝဝဝ ပျက်စီး

တရုတ်နိုင်ငံ တိဘက် ဒေသတွင် ပြင်းအား ၆ ဒသမ ၁ရစ်ခ်ျတာ စကေးရှိ ငလျင်တစ်ခု သြဂုတ် ၁၄ရက်တွင် လှုပ်ခတ် ခဲ့ရာ ဒေသခံ ပြည်သူ အနည်းဆုံး ၈၇ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပေါင်း ၄၅ဝဝဝ ကျော်မှာ ပျက်စီးဆုံးရှုံး ခဲ့ရကြောင်း သိရ သည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုဖြစ်ပွားရာ ဒေသသို့
ကယ်ဆယ်ရေး အဖွဲ့များ သွားရောက်၍ ကယ်ဆယ်မှုများ ဆောင် ရွက်လျက် ရှိကြောင်းသိရသည်။



ငလျင်လှုပ်ခတ်မှုကြောင့် ရင်ဂိုမြို့ အတွင်းရှိ ကျေးရွာများ ဆက်စပ်ဖောက်လုပ် ထားသည့် လမ်းအရှည် ၁ဝဝ ကီလိုမီတာ ကျော် ပျက်စီးခဲ့ရပြီး အဝေးပြေး လမ်းမကြီးများ၊ တံတားများနှင့် ရေအရင်း အမြစ် ထိန်းသိမ်းရေးဌာန အဆောက် အအုံ များလည်း ပျက်စီးခဲ့ရကာ ဒေသခံ ပြည်သူပေါင်း ၃၄ဝဝ ကျော် ဒုက္ခခံစား ခဲ့ရကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment