15.8.13

အင်ဒိုနီးရှား အငွေ့အသက်များနှင့်ဖက်ရှင်ဒီဇိုင်နာIKA ရဲ့ဖက်ရှင်ပြပွဲမြင်ကွင်းများ

တရုတ်နိုင်ငံတောင်ပိုင်း ဟောင်ကောင်ကျွန်းတွင် ကျင်းပ သည့်ဟောင်ကောင်အခြေစိုက် အင်ဒိုနီးရှားအမျိုးသမီးဖက်ရှင်ဒီဇိုင် နာIKa Butoni ၏ နွေဦးရာသီ နှင့် နွေရာသီဖက်ရှင် များ ပြသခဲ့ သော ဟောင်ကောင်ဖက်ရှင်ပြပွဲ တွင် အသွင်ဆန်းအမြင်ဆန်းသော ဖက်ရှင်မယ်များကို မြင်တွေ့ရ သည်။


ကြည့်ရှုနေသောပရိသတ် မှာ ထူးဆန်းသောဖက်ရှင်ဒီဇိုင်းများ ကြောင့် တအံ့တအောငေးမောကြည့် ရှုကြသည်အထိဆွဲဆောင်မှာရှိလှ သည်။
‘For me fashion design is not per say a career but a way to express myself day to day’ ဟုပြောလေ့ရှိသောဖက်ရှင်ဒီဇိုင်နာIka Butoni သည်အင်ဒိုနီးရှား အရိပ်အငွေ့ပါသော အဆင်အသွေး နှင့် ယဉ်ကျေးမှုကို ခေတ်ဖက်ရှင် အမြင်နှင့် ပေါင်းစပ်ပြီးဟောင်ကောင် ဖက်ရှင်လောက အတွင်းသို့ယူဆောင် လာခဲ့သူလည်းဖြစ်သည်။

Hot News Weekly

0 comments:

Post a Comment