15.8.13

ပရိုဘောက်စ်ကို ကျော်တက်လိုက်တဲ့ အေဒီဗင်

ယခုတစ်ပတ် သီရိမင်္ဂလာဈေးဟောင်းယာဉ်ရောင်းဝယ်ရေးစခန်း တွင် ၀မ်းပွိုင့်သရီး အင်ဂျင်ပါဝါကား များ Free Permit ချပေးလိုက်သည် ဆိုသော သတင်းမှားတစ်ခု ဖြစ်ပေါ် ပြီးနောက်ပိုင်း ကားဈေးကွက် အတွင်း ဈေးကစားကြသူများအတွက် အနှောင့် အယှက်တစ်ခု ဖြစ်လာကြောင်း သိ ရသည်။


ယာဉ်ရောင်းဝယ်ရေး စခန်း အတွင်း တစ်ပိုင်တစ်နိုင် လုပ်စားကြ သူများအဖို့ မျက်ကလူးဆန်ပျာဖြစ်လာ ကြသည်။ ယခုကဲ့သို့ Free Permit သာပေးလိုက်မည်ဆိုပါက တစ်ပိုင် တစ်နိုင်လုပ်ကိုင်စားသောက်သော ပွဲ စားများ အခက်ကြုံနိုင်ပြီး ကားရှိုးရွန်း များအတွက် အဆင်ပြေနိုင်ကြောင်း သိရှိရသည်။

ဝယ်ရောင်းအချို့ကမူ ]]ဈေး ကွက်အခြေအနေကတော့ သူတင် ကိုယ်တင်ဖြစ်လာမှာပေါ့။ သူတို့ (၁၀) စီးရောင်းရရင် ကိုယ်တွေက နှစ် စီး၊ သုံးစီးတော့ရောင်းရတာပေါ့။ ဒါ ပေမယ့် ဂျပန်လေလံဈေးကွက်မှာပျက် သွားမှာစိုးရိမ်ရတယ်။ ရောင်းအား လိုက်လာတဲ့ ကားကိုဈေးကွက်ပစ် မှတ်ထားပြီး ဆွဲကြမယ်ဆိုရင်လေလံ မှာ ဈေးတက်လာနိုင်စရာရှိတယ်}}ဟု သီရိမင်္ဂလာဈေးဟောင်းမှ ၀ယ်ရောင်း ကိုရွှေဝင်းကဆိုသည်။

မြန်မာပြည်ဈေးကွက်အရ ၀ယ် သူအများစုသည် ဈေးကွက်ထဲတွင် အ၀ယ်အများဆုံး မော်ဒယ်လ်ပေါ် မူ တည်ပြီး ရောင်းနေမှုများရှိကြောင်း ဈေးကွက်လေ့လာသူများအဆိုအရ သိ ရှိရသည်။ ]]ခက်တာပဲ..လူတွေက ရန် ကုန်မှာ ပရိုဘောက်စ်နဲ့ ပတ်သက်ပြီး ဘယ်မှာမှ မီးမလောင်ဖူးပါဘူး။ ဂျပန် ဈေးကွက်မှာလည်း ဒီပြဿနာမျိုးမ ဖြစ်ဖူးပါဘူး။ မြန်မာပြည်အထက်ပိုင်း ပြင်ဦးလွင် အတက်မှာ အများဆုံးဖြစ် တာပါ။ ဒါကလည်း သုံးတဲ့သူအပေါ် မှာ မူတည်ပါတယ် ဆိုတာကို ဘယ် လိုပြောပြော မရဘူး။ မကြိုက်ဘူး ဆိုတာပဲ။ အဲ့ဒီတော့ နှစ်နှစ်လောက် ဈေးကွက်ကို ဦးဆောင်လာတဲ့ ပရို ဘောက်စ်က အခုရက်ပိုင်းအတွင်း အေဒီဗင်ဈေးကွက်ကို မကျော်နိုင်ဘူး ဖြစ်နေတယ်}} လို့ မင်းရဲကျော်စွာ ကားဝင်းအတွင်းက ၀ယ်ရောင်းကို အေးလွင်က ဆိုသည်။

]]အေဒီဗင်ကလည်း ခုရက်ပိုင်း အတွင်း အ၀ယ်လိုက်လာတယ်။ ၂၀၀၇ မော်ဒယ်လ် Nissan AD (CC) က ကျပ် (၉၈) သိန်းပတ်လည် မှာရှိတယ်။ အေဒီဗင်နှင့်အတူ ယခု တလောမှာတော့ Honda Fit က လည်း နောက်ကလိုက်လာတယ်။ Honda Fit (GD 1) ဆိုရင် ကျပ် (၁၀၅) သိန်းပတ်လည်မှာရှိပြီး ၂၀၀၈ မော်ဒယ်လ် (GE 6) ပစ္စည်းစုံကိုကျပ် (၁၄၅) သိန်းနဲ့ ကိုအေးထွန်းတို့အုပ်စု အရောင်းအ၀ယ် ဖြစ်သွားတယ်}} ဟု ကိုနိုင်ဦးက ဆိုသည်။

စလစ်ဈေးကွက် အနေအထား တွင် AA အမည်ပေါက်များသည် ကျပ်သိန်း (၇၀) နှင့် အမည်မပေါက် ဆိုလျှင် ကျပ် (၆၃) သိန်းဖြင့်ဈေး ကွက်တွင်းရှိနေပြီး၊ (လ ^သ) အမည် ပေါက်ကို ကျပ် (၁၀၅) သိန်းနှင့် အ မည်မပေါက်ဆိုလျှင် သုံးသိန်းအကွာ ဖြင့် ကျပ် (၁၀၂) သိန်းပတ်လည်တွင် ဈေးကွက်ရပ်တည်နေပြီး လက်ရှိအပ် ကားဈေး (လ ^သ) အက္ခရာများကို ကျပ် (၉၉) သိန်း ပတ်လည်မှာရှိပြီး ]အ} အက္ခရာဝယ်သူအချို့မှာ ကျပ် (၉၂) သိန်းနှင့် ၀ယ်ယူနေကြောင်းသိ ရှိရသည်။

]]လူတွေက (အ) အပ်ကားကို မျှော်ပြီး ကြိုစုနေကြတယ်။ တချို့နယ် ၀ယ်လက်တွေ ရှာနေကြတယ်။ ကျွန် တော့်စိတ်ထင်တော့ အရောင်းထိုင်း မယ်ထင်တယ်။ ကားတွေကအသန့် ကြီးကျန်နေဦးမှာပါ။ (သ) တောင်မှ မြန်မာပြည်မှာ ကနဦးမှတ်ပုံတင်စာ ရင်းအရ နှစ် (၂၀) သက်တမ်းလောက် ပဲရှိသေးတာ။ (အ) အက္ခရာဆိုရင် စဉ်းစားသာကြည့်ပေတော့။ ကားအ ကောင်းတွေပဲရှိသေးတာ။ အဲ့ဒီတော့ ၀ယ်လို့ရလဲ နည်းသွားမယ်။ အပ်ကား ဆိုလဲ သိပ်မရှိနိုင်ဘူး}} လို့ အောင် ဆန်းတစ်ဂိတ်မှ နယ်ထွက်ပြီး အက္ခ ရာဟောင်းဝယ်နေကျဖြစ်သူ ၀ါရင့် ၀ယ်ရောင်း ကိုကြက်ဖကြီးကဆိုသည်။

]]ပရိုဘောက်စ်ဈေးကတော့ရှိ ပါသေးတယ်။ ၂၀၀၇ မော်ဒယ်လ် (၁င ^----) ကို ကျပ် (၁၀၅) သိန်းနဲ့ ဈေးခေါ်နေပြီး ၂၀၀၇ မော်ဒယ်လ် 1.3 (DX) ကို ကျပ် (၁၁၅) သိန်းပတ် လည်ဈေးရှိပါတယ်။ 1.5 (GL) ကို ကျပ်သိန်း (၁၂၀) နဲ့ Probox Su-cceed UL ကိုတော့ ကျပ် (၁၃၅) သိန်းလောက်ဈေးခေါ်ပြီး ပြရုပ်လုပ် ရောင်းနေကြပါတယ်}} လို့မြောက် ဥက္ကလာပအ၀ိုင်းကားဝယ်ရောင်း ကိုတင်ဦးကဆိုသည်။

ဈေးကွက်အတွင်းတွင် ဂျပန် ဈေးကွက် လှုပ်ရှားလာကြသော ကြောင့် ရှိုးရွန်းများ အပြိုင်အဆိုင်ပေါ် လာပြီး နာမည်ကြီး မော်ဒယ်လ်များ အ၀င်များလာတာကို တွေ့လာရသည်။ များသောအားဖြင့် Isuzu Double Cab (၅ခ ^----) ကို ကျပ်သိန်း (၁၄၀) နှင့် ဈေးကွက်အတွင်းတွေ့ရှိ ရပြီး ၁၉၉၈ မော်ဒယ်လ် Toyota Prado ကားများသည် ကျပ်သိန်း (၃၅၀) နှင့် ၂၀၁၀ မော်ဒယ်လ် Mark X ကို ကျပ်သိန်း (၅၈၀) ဈေးပတ်လည် ဈေးကွက်အတွင်းရှိကြောင်း သိရှိရ သည်။

]]ဒီတစ်ပတ်အတွင်း ဈေးကွက် ကတော့ ကာဒီနားကြက်တူရွေးတွေ လည်းအရောင်းရှိပါတယ်။ ဈေးကွက် အေးတယ်ဆိုတာတော့ လက်ခံပါ တယ်။ သိတဲ့အတိုင်း ရန်ကုန်ဝယ် လက်က ရှိုးရွန်း အားကိုးကြတယ်။ နယ်ဝယ်လက်က ၀ိုင်းထဲဆင်းကြ တယ်။ ၀ိုင်းထဲမှာက ရောင်းသူအချို့ ရဲ့ မသမာမှုကြောင့် ကိုယ်ရောင်းတဲ့ ကားကို သူများထက်ဈေးလျှော့ရောင်း လို့ရအောင် ၀ိတ်လျှော့ပြီး ပစ္စည်းလဲ ထားတယ်။ အများထက်ဈေးလျှော့ ရောင်းလို့ရတာပေါ့။ အာမခံကြတော့ ပြောတာပါပဲ။ တကယ်ဖြစ်လာတော့ တာဝန်ယူမှုတွေမရှိကြဘူး။ အဲ့ဒီတော့ ရန်ကုန်ဝယ်လက်အများစုက ၀ိုင်းထဲ နဲ့ ပွဲစားရန်ကိုကြောက်ကြတယ်}} လို့ မှော်ဘီမှ ကားဝယ်ရန်လာသူ ဦးသန်း ထွန်းဦးကဆိုသည်။

ထိုသူမှပင် ]]ကျွန်တော်ဈေးစုံ စမ်းကြည့်ထားတွေက နိုင်တီနိုင်း မော်ဒယ်လ် Caldina (ကြက်တူရွေး) ကို ကျပ် (၁၇၅) သိန်းနဲ့ ခေါ်ပြီး ၂၀၀၁ မော်ဒယ်လ်ကို ကျပ်သိန်း (၁၈၀) လောက် ပေါက်ပါတယ်။ Pajero (ဗိုက်ဖောင်း) ဓာတ်ဆီဆိုရင် ကျပ်သိန်း (၂၃၀) ရှိပြီး၊ ဒီဇယ်ဆိုရင် ကျပ်သိန်း (၂၆၀) လောက်ရှိတယ် ပြောကြတယ်။ အဲ့ဒါတွေက နိုင်တီ နိုင်းမော်ဒယ်လ်ကိုပြောတာနော်}} ဟု ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ ယခု တစ်ပတ် ကားဈေးကွက်အတွင်း လေ့ လာမိသည်မှာ Probox ကားများ (၂) နှစ်ကျော်ကာလက လူကြိုက်များခဲ့ပြီး အပျိုပေါက်ပရိုဘောက်စ်ဟု တင်စား ခဲ့သော်လည်း ပရိုဘောက်စ်ရောင်းအား ကို ကျော်တက်သွားသည်ကတော့ အေဒီဗင်များပင်ဖြစ်ကြောင်း ဈေး ကွက်လေ့လာသူကဆိုကြပေသည်။


Auto World Journal

0 comments:

Post a Comment