15.8.13

နယူးဇီလန်တွင် ပြုလုပ်မည့် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး လေ့ ကျင့်ခန်း၌ တရုတ်၊ သြစတြေးလျနှင့် အမေရိကန် တပ်ဖွဲ့များ ပါဝင်မည်



တရုတ်၊ သြစတြေးလျနှင့် အမေရိကန် နိုင်ငံတို့သည် နယူးဇီလန် နိုင်ငံ Christchurch မြို့တော်တွင် ပြုလုပ်မည့် Phoenix Spirit အမည် ရှိ ဘေးအန္တရာယ်ကယ်ဆယ်ရေး လေ့ကျင့်ခန်းတွင် ပူးပေါင်းပါဝင် လေ့ ကျင့်သွားမည် ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ အဆိုပါ ဘေးအန္တရာယ် ကယ်ဆယ်ရေး လေ့ကျင့်ခန်းတွင် ၎င်းနိုင်ငံများ ပါဝင် လေ့ကျင့်မှုမှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း နယူးဇီလန် ကာကွယ်ရေး ဝန်ကြီး ဂျိုနသန်ကိုးမန်းက ပြောကြားခဲ့သည်။


ယခု လေ့ကျင့်ခန်းသည် နယူးဇီလန်နိုင်ငံ အတွက် ဘေးအန္တရာယ် ကျရောက်ချိန်တွင် ပြန်လည် တုံ့ပြန် ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် အပြန်အလှန် နားလည်မှု၊ မိတ်ဖက် ဆက်ဆံမှုများအား ပိုမိုမြှင့်တင်သွားရေး အတွက် အရေးပါသော အခွင့်အလမ်း တစ်ရပ်ဖြစ်ကြောင်း၊ ၂ဝ၁၁ ခုနှစ် ဖေဖော် ဝါရီ ၂၂ ရက်တွင် Christchurch မြို့တော်၌ မြေငလျင် လှုပ်ခတ်ခဲ့မှုနှင့် ပတ်သက်၍ နယူးဇီလန် တပ်ဖွဲ့၏ အတွေ့အကြုံ သင်ခန်းစာများ မျှဝေပေး သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တရုတ်၊ သြစတြေးလျ၊ အမေရိကန်နှင့် အခြားနိုင်ငံများမှ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး တပ်ဖွဲ့များ စေလွှတ်ထားပြီး ဖြစ်ကြောင်းနှင့် ၎င်း Phoenix Spirit လေ့ကျင့်ခန်းအား သြဂုတ် ၁၄ ရက်မှ ၁၇ ရက်အထိ ပြုလုပ်သွား မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment