25.8.13

မော်လမြိုင် တက္ကသိုလ် ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ် ကာယဗလ ကာယ အလှနှင့် ဆံကေသာအလှ ပြိုင်ပွဲ အခမ်းအနား ကျင်းပ

မွန်ပြည်နယ် မော်လမြိုင်မြို့ မော်လမြိုင် တက္ကသိုလ် ပင်မဆောင် ခန်းမ၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီက မော်လမြိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ၂ဝ၁၂-၂ဝ၁၃ ပညာ သင်နှစ်ကာယဗလ၊ ကာယ အလှနှင့် ဆံကေသာ အလှပြိုင်ပွဲ အခမ်းအနား ကျင်းပရာ အခမ်းအနားသို့ မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင်
ဗမာတိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးသက်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မော်လမြိုင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဌေးအောင်၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ
အောင်မြတ်ကျော်စိန်နှင့် ပါမောက္ခ/ ဌာနမှူးများ၊ ကထိက ဆရာ၊ ဆရာမများနှင့် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။

အခမ်း အနားတွင် မောရဝတီ တက္ကသိုလ် သီချင်းဖြင့် ဖွင့်လှစ်ပြီး ဗမာ တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးသက်ဝင်းက အဖွင့်အမှာ စကား ပြောကြား ခဲ့သည်။ ထို့နောက် ဆံကေသာ အလှ ပြိုင်ပွဲကို ယှဉ်ပြိုင် ကြပြီး တက္ကသိုလ်ကျောင်းသူ တစ်ဦးက တေးသရုပ်ဖော်ဖြင့် ဖျော်ဖြေကာ အမျိုးသမီး ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲကိုကျင်းပရာ ကျောင်းသူ ၁၃ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ ဆက်လက်၍ အနုပညာ အသင်းမှ ကျောင်းသား၊
ကျောင်းသူများက နိုင်ငံတော်၏ အင်အားများ တေးသရုပ်ဖော် ဖျော်ဖြေ ခဲ့ကြပြီး ကာယ အလှမယ် ပြိုင်ပွဲကို ကျင်းပရာ ကျောင်းသူ ၁ဝ ဦး ပါဝင် ယှဉ်ပြိုင် ခဲ့ကြသည်။

ထို့နောက် ဆီမီးခွက် ယိမ်းအကဖြင့် ဖျော်ဖြေပြီး အမျိုးသမီး ကာယ ကြံ့ခိုင်မှု နောက်ဆုံး အဆင့် ရွေးချယ်ခြင်းကို လည်းကောင်း၊ ပထဝီဝင် ဌာနမှ ကျောင်းသား၊ ကျောင်းသူ များက ဒို့အရှေ့တောင် အာရှ ယဉ်ကျေးမှု သရုပ်ဖော် တင်ဆက် ၍လည်းကောင်း၊ ကာယ ဗလ ပြိုင်ပွဲတွင် ကျောင်း
သား ခြောက်ဦး ယှဉ်ပြိုင်ခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား
မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် တာဝန်ရှိ
သူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment