25.8.13

စတော့ဈေးကွက်

တစ်ခါတုန်းကပေါ့ ရွာကလေးတစ်ရွာကို လူတစ်ယောက်ရောက်လာ
ခဲ့ပါတယ်... သူကရွာသားတွေကို မျောက်တစ်ကောင် ၁၀ ဒင်္ဂါးနဲ့ဝယ်မယ်လို့
ကြေညာသတဲ့...

ရွာသားတွေကလည်း အနီးပတ်ဝန်းကျင်မှာ မျောက်တွေအများကြီး
ရှိတာကို တွေ့နေရတော့ တောထဲကိုသွားပြီး မျောက်တွေဖမ်းကြတာပေါ့...



အဲ့ဒီလူက ထောင်ချီတဲ့ မျောက်တွေကို ၁၀ ဒင်္ဂါးစီနဲ့ ဝယ်ယူခဲ့ပါတယ်
... နောက်ပိုင်းမှာတော့ ရွာသားတွေက မျောက်သိပ်မဖမ်းကြတော့တဲ့
အတွက် မျောက်အရနည်းလာပြန်ပါတယ်...

အဲ့လိုအချိန်မှာ သူက မျောက်တစ်ကောင်ကို ဒင်္ဂါး ၂၀ နဲ့ ဝယ်မယ်လို့ ထပ်ကြေညာပြန်ပါတယ်...

ဒီသတင်းဟာ ရွာသားတွေကို အားသစ်လောင်းပေးသလိုဖြစ်ပြီ
မျောက်တွေကို ဖမ်းကြပြန်ပါတယ်...

နည်းနည်းကြာလာတဲ့အခါ ရွာသားတွေဟာ သူတို့လယ်ယာစိုက်ခင်းတွေ
မှာပဲ ပြန်လုပ်နေကြတဲ့အတွက် မျောက်အရနည်းလာပြန်ပါတယ်...

မျောက်ဝယ်တဲ့ဈေးဟာ ၂၅ ဒင်္ဂါးကို တိုးလာပေမဲ့လည်း မျောက်အပ်တဲ့
သူတွေဟာ နည်းနည်းပဲရှိပါတော့တယ်... မျောက်တွေတွေ့နေရင်တောင်မှ သိပ်မဖမ်းကြတော့ပါဘူး...

အဲ့လိုအခြေအနေမှာ သူက မျောက်တစ်ကောင်ကို ဒင်္ဂါး ၅၀ နဲ့ ဝယ်မယ်လို့
ကြေညာလိုက်ပြန်ပါတယ်...

ဒါပေမဲ့ သူက အလုပ်ကိစ္စတစ်ချို့နဲ့ မြို့တက်စရာရှိတဲ့အတွက် သူ့တပည့်
တစ်ယောက်ကို သူ့ကိုယ်စားမျောက်တွေဝယ်ဖို့ ထားခဲ့ပါတယ်...

မျောက်ဝယ်တဲ့သူထွက်သွားတဲ့အခါ သူ့တပည့်က ရွာသားတွေကိုပြော
ပါတယ်... ကြီးမားတဲ့ လှောင်အိမ်ကြီးပြည့်တဲ့အထိ သူ့ဆရာဝယ်ထားတဲ့
မျောက်တွေကိုပြပြီး ဒီမျောက်တွေကို ၃၅ ကျပ်နဲ့ သူရောင်းပေးမယ်ဆိုတဲ့
အကြောင်းနဲ့ သူ့ဆရာမြို့ကပြန်လာရင် ၅၀ ကျပ်နဲ့ပြန်ရောင်းနိုင်တဲ့
အကြောင်း နည်းလမ်းပြပြီး စည်းရုံးပါတယ်...

သူ့အပြောကြောင့် ရွာသားတွေဟာ သူတို့စုဆောင်းထားသမျှ ခြစ်ခြုတ်ပြီး
လှောင်အိမ်ထဲက မျောက်တွေအားလုံးကို ဝယ်ကြပါတယ်...

အဲ့ဒီနောက်မှာတော့ ရွာသားတွေဟာ မျောက်လိုက်ဝယ်တဲ့ ဆရာတပည့်ကို လုံးဝမမြင်ရတော့ပါဘူး... ကြည့်လေရာရာမှာ သူတို့ရဲ့ မျောက်တွေကိုပဲ
တွေ့နေရပါတော့တယ်...

ဒီလိုသဘောတရားနဲ့ လုပ်ဆောင်တာကို စတော့ဈေးကွက်လို့ ခေါ်ပါသတဲ့..
. မြန်မာပြည်မှာ အကောင်အထည်ဖော်လာမယ့် စတော့ရှယ်ယာဈေးကွက်
တွေမှာ ပျော်ရွှင်စွာ ရင်းနှီးမြှုပ်နှံကြပါစို့...

Ref: Fans of LOL
နှိုင်းရင့်နွေ

0 comments:

Post a Comment