22.9.13

မွန်တိုင်းရင်းသား ညီလာခံ ပြည်ထောင်စုအစိုးရ တက်မည်

တိုင်းရင်းသား အဖွဲ့အစည်းများနှင့်
 နိုဝင်ဘာလတွင် နိုင်ငံရေး ဆွေးနွေး ပွဲများ စတင်နိုင်ရန် စီစဉ်နေသည်ဟု ဆိုထားသော ပြည်ထောင်စုအစိုးရအဖွဲ့ တာဝန်ရှိသူများသည် မွန်ပြည်နယ်တွင် ကျင်းပမည့် မွန်တိုင်းရင်းသား ညီလာခံသို့ တက်ရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။


အဆိုပါ မွန်တိုင်းရင်းသား ညီလာခံကို စက်တင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောကြားသည်။

အဆိုပါ အခမ်းအနားကို တက်ရောက်မည် ဖြစ်ပြီးနောက် နောက်ဆုံးရက်တွင် မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံသွားရန် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆိုသည်။ အဆိုပါ အခမ်းအနားတွင် တိုင်းရင်းသား တန်းတူညီမျှရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေးနှင့် မွန်ပြည်နယ်၏ စီးပွားရေးစသည့် ကိစ္စရပ်များနှင့် ပတ်သက်သော စာတမ်းငါးစောင် ဖတ်ကြားသွားမည် ဖြစ်ကြောင်း နိုင်ငွေသိန်းက ဆက်လက်ပြောကြားသည်။

အဆိုပါ မွန်တိုင်းရင်းသား ညီလာခံကို မွန်လူမျိုးများ စည်းလုံးညီညွတ်ရေးအတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ၊ မွန်ပြည်သစ်ပါတီ၊ မွန်ဒီမိုကရေစီ ပါတီတို့က ပူးပေါင်း ကျင်းပခြင်း ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီထံမှ သိရှိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရအဖွဲ့ဝင်များသည် စက်တင်ဘာ ၂၀ ရက်နေ့က တောင်ကြီးမြို့တွင် ကျင်းပသော ရှမ်း၊ ကယား၊ မွန် လူမျိုးများ ညီလာခံသို့ တက်ရောက်ခဲ့ပြီး ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA နှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးတပ် PNLO တို့နှင့် တွေ့ဆုံကာ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေးအတွက် အကြိုညှိနှိုင်းခဲ့သည်။

The Voice Weekly

0 comments:

Post a Comment