22.9.13

မော်ရင်ဟို လက်တွေ့ပြခဲ့တဲ့ အသင်းအတွက် အရေးကြီးဆုံးအရာ

အနိုင်ရလဒ်သည်သာ အသင်းအတွက်အရေးကြီးဆုံး လိုအပ်ချက် တစ်ခုဖြစ်တယ် ဟု ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက မနေ့ကဖူဟမ်အသင်းနဲ့ ကစားခဲ့အပြီးမှာ ပြောကြားသွားခဲ့တာပါ။ "ကျွန်တော်တို့ အကောင်းဆုံးပွဲတစ်ပွဲ ဖြစ်တဲ့ အဲဗာတန်အသင်းကို ယှဉ်ပြိုင်ကစားခဲ့တယ်။ ကျွန်တော်တို့ အသင်းရှုံးခဲ့တယ်၊ ဒီအရှုံးတွေကြောင့် ကစားခဲ့တာတွေ၊ ကစားကွက်တွေက အရေးမပါသလို မကြီးကျယ်သလို ဖြစ်သွားတယ်။


မကြီးကျယ်ဘဲ အရေးမပါသလိုဖြစ်သွားခဲ့ရတဲ့ ပွဲတစ်ပွဲဟာ ဘာကိုမှလည်း စွမ်းဆောင်မှု မပေးနိုင်ခဲ့ပါဘူး။ အရေးကြီးတဲ့၊ အရေးပါလှတဲ့အရာတစ်ခုကို သိဖို့လိုတယ် အဲ့ဒါကဘာလဲဆိုတော့ ကျွန်တော်တို့အသင်း ရှုံးနိမ့်ရင်၊ ကျွန်တော်တို့ရမည့် သုံးမှတ်လည်း ဆုံးရှုံးမယ် ဆိုတာကိုပေါ့။ သင့်အနေနဲ့ လက်တွေ့ကျကျသိချင်ရင်တော့ ဒီနေ့မှာ ကျွန်တော်တို့အသင်း အသင်း အရေးကြီးဆုံးအရာ တစ်ခုဖြစ်တဲ့ ရလဒ်တစ်ခုကို သေချာသရုပ်ခွဲ လေ့လာနိုင်ခဲ့ပါတယ်" ဆိုပြီး မော်ရင်ဟိုက ပြောကြားခဲ့ခြင်းပါ။

မနေ့က ဖူဟမ်အသင်းနှင့် ကစားတဲ့ပွဲမှာ မော်ရင်ဟို အားထားရတဲ့ အော်စကာ နှင့် မီးခေးလ်တို့ အနိုင်ဂိုးသွင်းနိုင်ခဲ့ပါသည်။ အော်စကာ အနေဖြင့် ချန်ပီယံလိပ်ဂ် ပွဲမှာကော မနေ့က ပွဲမှာပါ ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး၊ မနေ့က ဖူဟမ်ပွဲမှာ MAN OF THE MATCH လည်းဖြစ်ခဲ့ရပါသည်။ အော်စကာအစွမ်းပြနေမှုများကြောင့် စပိန်ကစားသမားများကို နေရာသိပ်မပေးချင်ဘူးဆိုပြီး ဝေဖန်ခံထိနေတဲ့ မော်ရင်ဟိုအတွက် ယုံမှားသံသယတွေကို အနည်းငယ် ကင်းရှင်းစေခဲ့ပါသည်။

မီခေးလ်အနေနဲ့တော့ ပွဲပေါင်း ၂၆၁ ပွဲအပြီးမှာမှ ပရီးမီးယားလိပ်ဂ်မှာ ချဲလ်ဆီးအတွက် ပထမဦးဆုံး ဂိုးသွင်းပေးနိုင်ခဲ့တာပါ။ သူဂိုးသွင်းနိုင်တာနဲ့ ပတ်သက်ပြီး မော်ရင်ဟိုက "သူ့အတွက်သာမက အသင်းအတွက်လည်း ကောင်းမွန်တဲ့ ပေးစွမ်းမှုတစ်ခုပါ။ သူ့ရဲ့  ဂိုးသွင်းမှုက သူ့ကို ယုံကြည်မှုလည်း ပိုတိုးစေနိုင်တယ်လေ၊ ပရိတ်သတ်တွေကလည်း သူဂိုးသွင်းလိုက်နိင်မှုအတွက် ပျော်ရွှင်ကျေနပ်ကြမယ်လို့တော့ ထင်မြင်မိပါတယ်" ဆိုပြီး ပွဲအပြီးမှတ်ချက်ပေးခဲ့ပါသည်။ "

အရမ်းကို နေရာယူမှန်မှန်နဲ့ သေသပ်လှပတဲ့ ဂိုးတစ်ဂိုးကို သွင်းလိုက်နိုင်တဲ့အပြင် ကျွန်တော့်အတွက် အရေးကြီးဆုံးလိုအပ်ချက်တစ်ခုဖြစ်တဲ့ အသင်းနဲ့အတူ ဟန်ချက်ညီညီ ကြိုးစားရုန်းကန်ခဲ့ပြီး အနိုင်ရလဒ် ရရှိအောင်လည်း ကစားပေးနိုင်ခဲ့တယ်" ဟုလည်း မော်ရင်ဟိုက ချီးမွမ်းလိုက်ပါသည်။ ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးအနေဖြင့် အိမ်ကွင်းမှာ ၁၀ ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့သလို၊ အီတိုးကလည်း ၂ ပွဲဆက် ဂိုးမသွင်းနိုင်သေးတဲ့ ကစားသမားဖြစ်နေရပါတော့သည်။ နောက်လာမည့် ပွဲစဉ်များမှာလည်း မော်ရင်ဟို၏ ချဲယ်ဆီးအသင်း အသင်းအတွက် အရေးကြီးဆုံး ဆိုတဲ့ အရာများ ရယူလာနိုင်မလားဆိုတော့ လေ့လာကြည့်ရပေတော့အုံးမည်။

Written by မိုးတိမ် (တမာမြေ)
Football Café

0 comments:

Post a Comment