22.9.13

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စမ်းချောင်းတွင် သစ်ပင် လဲကျ

စမ်းချောင်းမြို့နယ်၊ရှင်စောပုရပ်ကွက်၊ ပဒုမ္မာလမ်း၊ပဒုမ္မာအားကစားကွင်း သက်သာဆိုင်ခန်းအမှတ်(၂၄)ရှေ့တွင် ယနေ့နံနက် ၀၇း၃၀ က လုံးပတ်(၄)ပေ၊အမြင့်(၄၀)ပေခန့်ရှိစိန်ပန်းပင်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်ပြိုလဲခဲ့ကြောင်းYangon Policeမှသိရသည်။


သစ်ပင်လဲကျမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း
လမ်းဘေးတွင်သွယ်တန်းထားသောကွန်ကရစ်လျှပ်စစ်မီးတိုင်(၆)တိုင် ကျိုးကျပျက်စီးခဲ့ပြီး အနီးတွင်ရပ်ထားခဲ့ကြသည့်တောင်းအေ့စ်အဖြူရောင် ယာဉ်နှင့်Hi Ace အသားရောင်ယာဉ်တို့၏အမိုးများပိန်ချိုင့်ပျက်စီးခဲ့ကာ
Fielder အမျိုးအစားအဖြူရောင်ယာဉ်၏ ရှေ့ဘောနက်အဖုံးမှာလည်း
ပိန်ချိုင့်ပျက်စီးခဲ့ကြောင်းသိရသည်။

Popular Myanmar News Journal

0 comments:

Post a Comment