22.9.13

တိုင်းပြည်က ကိုယ့်ကို ဘာလုပ်ပေးလဲ ဆိုတာထက် ကိုယ်က တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်သလဲ ဆိုတာ


         
ဒီမိုကရေစီခေတ် ပွင့်လင်းလာသည့်မီဒီယာတွင် အစိုးရ မကောင်းကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေလည်း မချုပ်ငြိမ်းသေးကြောင်း၊ ဆင်းရဲ မွဲတေမှု ပပျောက်မှုမရှိကြောင်း၊ ကလေးသူငယ် အခွင့် အရေးတွေဆုံးရှုံးနေကြောင်း စသည်ဖြင့် ရေးသားပြော ဆိုကြပါသည်။

         


 ဒါတွေလည်း လက်ရှိမှာ မှန်နေတာတွေဖြစ်သည့်အတွက် မငြင်းလိုပါ။ ကျွန်တော်တို့သည် ဗုဒ္ဓဘာသာ ၀င် မြန်မာနိုင်ငံသားများဖြစ်ကြပါသည်။ ဗုဒ္ဓ၏အဆုံးအမအရ ဘယ်သူတွေ ကောင်းကောင်း မကောင်းေ ကာင်း ကိုယ် ကောင်းဖို့ပဲ လိုပါသည်။ သီတဂူဆရာတော်ဘုရားကြီး၏ လူဖြစ်ရသည့် ရည်ရွယ် ချက်မှာ -
          (၁)      လောကကောင်းကျိုးသယ်ပိုးဖို့
          (၂)      တိုင်းပြည်နှင့်လူမျိုးအကျိုးသယ်ပိုးဖို့ နဲ့
          (၃)      မိမိကိုယ်ကို ကောင်းအောင်ကြိုးစားဖို့ ပဲ ဖြစ်တယ် 

ဆိုပြီး ဆုံးမသြ၀ါဒပေးခဲ့ပါသည်။ နံပါတ်(၃) အချက်ဖြစ်သည့် မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမှသာလျင် အထက် ပါ (၂) ချက်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။ ဒါကြောင့် မိမိကိုယ် ကို ကောင်းအောင်ကြိုးစားပြီးမှ တိုင်းပြည်နဲ့ လူမျိုးအကျိုး။ ပြီးမှ လောကကောင်းကျိုးကို သယ်ပိုးနိုင် မည်ဖြစ်သည်။ ဒါကြောင့် တိုင်းပြည်က ကိုယ့်ကို ဘာလုပ်ပေးသလဲဆိုတာထက် ကိုယ်က တိုင်းပြည်ကို ဘာလုပ်ပေးပြီးပြီလဲဆိုတာကို ပြန်သုံးသပ် စဉ်းစားဆင်ခြင် စေလိုပါသည်။ ကိုယ်က ရဖို့ထက် ကိုယ်ကပေး ဖို့ကိုသာ စဉ်းစားတဲ့သူသာလျင် မြင့်မြတ်တဲ့သူဖြစ်ပါမည်။ မီဒီယာ တွေမှာ တွေ့ရသည့် တစ်ချို့ စကားပုံများသည် ကျွန်တော်တို့၏ အတွေးအခေါ်များကို နိမ့်ကျစေပါသည်။ “စေတနာ သည် လူတိုင်းနှင့် မတန်”၊ “သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ”၊ “အူမတောင့်မှ သီလစောင့်မယ်”၊ “အများမိုး ခါးရေ သောက် မှတော့ ကိုယ်လည်းသောက်”၊ “ရောမရောက်လျှင် ရောမလိုကျင့်” အစရှိသည့် စကားပုံများသည် လူသား ဆန်သည့် စိတ်ဓာတ်ကို ယိမ်းယိုင်စေပါသည်။ ဒါကြောင့် ကျွန်တော်တို့တိုင်းပြည် ဖွံ့ဖြိုးတိုး တက်ဖို့ ဆိုလျှင် နိုင်ငံသူ နိုင်ငံသားတိုင်း တိုင်းပြည်အတွက် မိမိဘာလုပ်ပေးပြီးပြီလဲ ဆိုသည့်စိတ်ဓာတ်မျိုးဖြင့် တည်ဆောက်သွားနိုင်မှသာ လျှင် အနာဂတ်မြန်မာနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်မှာ တင့်တယ် လာ မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

0 comments:

Post a Comment