22.9.13

စည်းကမ်းဖောက်ဖျက်သော ယာဉ်များအား ရုပ်မြင်သံကြားမှ တစ်ဆင့် ထုတ်လွှင့်ပြသသွားမည်

ရန်ကုန်မြို့တွင် ယာဉ်စည်းကမ်း ဖောက်ဖျက်ကျူးလွန်သော ယာဉ်များအား ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် Skynet ရုပ်သံအဖွဲ့ပူးပေါင်း၍ ရုပ်မြင်သံကြားမှ တစ်ဆင့် ပြည်သူလူထုသိရှိစေရန် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ(၉/၂၀၁၃) အစည်းအဝေးမှ သိရသည်။


ယင်းကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ယာဉ်စည်းကမ်း ဖောက်ဖျက်သူများကို အသိပညာရရှိစေရန်နှင့် နောက်ထပ်ကျူးလွန်ခြင်း မဖြစ်စေရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။

“ယာဉ်ထိန်းရဲတပ်တပ်ဖွဲ့နှင့် Skynet ရုပ်သံအဖွဲ့တို့ ပူးပေါင်းပြီး ဗီဒီယို ကင်မရာရိုက်ပြီးတော့ ဖန်သားပြင်ကနေ ပြည်သူလူထုတွေ သိရှိအောင်လို့
ပြသပေးသွားမှာပါ။ လက်ရှိဖြစ်နေတဲ့ ယာဉ်ကြော ပိတ်ဆို့မှုတွေကို ဌာန ဆိုင်ရာအားလုံး ပူးပေါင်းလုပ်ဆောင်မှ လျော့နည်းလာမှာပါ”ဟု ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ
တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့ကျပ်တည်းမှုသည် ပြည်သူလူထု ရုံးတက်/ဆင်းချိန် နောက်ကျခြင်းများ၊ မလိုလားအပ်သော ယာဉ်တိုက်မှု များနှင့် နောက်ဆက်တွဲ ဆုံးရှုံးနစ်နာမှုများ ဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ နည်းလမ်းပေါင်းစုံ အသုံးပြု၍ လုပ်ဆောင် သွားမည်ဖြစ်ကြောင်းသိရသည်။

(ကေသိန်းဆွေ)
moi.gov.mm

0 comments:

Post a Comment