19.10.13

အ လုပ်သမားသမဂ္ဂ အဖွဲ့အစည်း ပေါင်းသုံးရာကျော် ပါဝင်မည့် နှီး နှောဖလှယ်ပွဲ နိုဝင် ဘာလဆန်းတွင်ကျင်းပမည်


အ လုပ်သမားသမဂ္ဂ အဖွဲ့ အစည်း ပေါင်း သုံးရာကျော်ပါဝင်မည့် နှီး နှောဖလှယ်ပွဲကို လာမည့် နိုဝင် ဘာလဆန်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါနှီးနှောဖလှယ်ပွဲတွင် ပါဝင်မည့် အလုပ်သမားအဖွဲ့အ စည်းများအနေဖြင့် တရားဝင်မှတ် ပုံတင်ထားသော စက်ရုံအလုပ် သမားအဖွဲ့များ၊ တက္ကသိုလ် ကျောင်းသားအသင်း၊ တက္ကသိုလ် ဆရာအသင်းများ၊ ပန်းချီပညာ ရှင်အဖွဲ့အစည်းများ၊ မော်တော် ယာဉ်လိုင်းအဖွဲ့များစသည့်အလုပ်သမားသမဂ္ဂအဖွဲ့အစည်း ပေါင်းသုံး
ရာကျော်တို့မှ အလုပ် သမားများ၏ လတ်တလောကြုံ တွေ့နေရသည့် အခက်အခဲများ၊ အလုပ်သမားဆိုင်ရာ အခွင့်အ ရေးများနှင့်ပတ်သက်ပြီး ပထမ ဆုံးအကြိမ် ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ရန် ကုန်တက္ကသိုလ်ဆရာများသမဂ္ဂ မှ အတွင်းရေး မှူးဒေါက်တာစိုင်း ခိုင်မျိုးထွန်းက ''ဒီလိုနှီးနှောဖလှယ် ပွဲကို သက်ဆိုင်ရာ ဝန်ကြီးဌာန ကနေကျင်းပတာတွေတော့ ရှိခဲ့ ဖူးပါတယ်။ အလုပ်သမား သမဂ္ဂ တွေကိုယ်တိုင် ဦးဆောင်ပြီးကျင်း ပတာကတော့ ပထမဆုံးအကြိမ် ပါပဲ။ အလုပ်သမားလို့ ပြောတဲ့ နေရာမှာ လယ်သမားတွေလဲပါ ပါတယ်။ ဒီနှီးနှောဖလှယ်ပွဲမှာ အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာ၊ သူတို့တွေ လို အပ်နေ တဲ့အကူအညီ အထောက်အပံ့တွေ နဲ့ပတ် သက်ပြီး ဆွေးနွေး သွားကြ မယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အ လုပ်သမားတွေ အချင်းချင်း အ လုပ်သမားတွေရဲ့ ရသင့်ရထိုက် တဲ့ အခွင့်အရေးတွေ ကာကွယ် ဖို့၊ မြှင့်တင်ဖို့ စတဲ့ကိစ္စတွေမှာ နားလည်မှုရယူပြီး ပွင့်ပွင့်လင်း လင်းဆွေးနွေးတိုင်ပင်နိုင်ဖို့ ရည် ရွယ်ပါတယ်။ နေရာအတွက်က တော့ ကိုကျော်သူတို့ နာရေးကူ ညီမှုအသင်း(ရန်ကုန်)ရဲ့ ခန်းမမှာ ကျင်းပဖို့ အကူအညီတောင်း ထားပါတယ်''ဟု ပြောသည်။

အဆိုပါ လုပ်သမားသမဂ္ဂ များ ဦးဆောင်ကျင်းပသည့်နှီး နှောဖလှယ်ပွဲသို့ တက်ရောက်ရန် အလုပ်သမားဝန်ကြီးဌာနကိုလည်း ဖိတ်ကြား သွားမည်ဖြစ် ကာ ပွဲစီ စဉ်ကျင်းပခွင့်ကို ခွင့်တောင်းသွား ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

Yangon Media Group

0 comments:

Post a Comment