19.10.13

အိန္ဒိယရဲတပ်ဖွဲ့က လက်နက်မြောက်များစွာ သိုဝှက်တင်ဆောင်လာသော အမေရိကန်ပိုင်
သင်္ဘောတစ်စီး အိန္ဒိယရေပိုင် နက်ထဲသို့ ၀င်ရောက်လာရာ သင်္ဘောမှ အမှုထမ်းများကို ဖမ်းဆီး စစ်ဆေးလျှက်ရှိသည်။ MV Seaman Guard Ohio ကို အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့က အောက်တိုဘာ ၁၂ရက် တွင် ဖမ်းဆီးလိုက်ပြီး တမီးလ်နဒူဆပ် ကမ်းပြည်နယ်တောင်ပိုင်း တူတီကော်ရင် ဆိပ်ကမ်းတွင် ကျောက်ချရပ်နားထားစေခဲ့သည်။

ဖမ်းဆီးထားသော အမှုထမ်း ၃၅ဦးထဲတွင် အင်ဒီယန်း၊ ဗြိတိန်၊ ယူကရိန်း၊ အက်စ်တွန်နီယား နိုင်ငံသားများ ပါဝင်သည်။ ရေယဉ်သည် အမေရိကန် အခြေစိုက် ပုဂ္ဂလိက လုံခြုံရေးလုပ်ငန်းတစ်ခုမှဖြစ်ပြီး Sierra Leone တွင် မှတ်ပုံတင်ထား ကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

ဒလီမြို့ရှိ အမေရိကန်သံရုံးက ထင်မြင်ချက်တစ်စုံ တစ်စုံတစ်ရာ မပေးခဲ့ပေ။ ရေယဉ်အမှုထမ်းများကို မိုတီအာ ပူရန်ရဲဌာနတွင် ထိန်းသိမ်းကာ စစ်ဆေးမေးမြန်းနေကြောင်း တူတီကော်ရင်မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

မြန်မာ့ခေတ်

0 comments:

Post a Comment