19.10.13

ဆိုင်းငံ့ဝတ်စုံ လှူဒါန်းပွဲ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ပြုလုပ်မည်ရာ မည်သူမဆို လာရောက် လှူဒါန်းနိုင်

တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်းမှ မရှိနွမ်းပါးများနှင့် အ၀တ်အစားလိုအပ်နေသူများ

အတွက် ဖြည့်စွမ်းပေးနိုင်ရန် အထူးရည်ရွယ်၍ "ဆိုင်းငံ့ဝတ်စုံ"လှူဒါန်းမှုအဖြစ် လှူဒါန်းမှုဖွင့်ပွဲအား ၂၀.၁၀.၂၀၁၃ရက်နေ့တွင် မည်သူမဆို လွတ်လပ်စွာ လာရောက်လှူဒါန်းနိုင်ရန် အတွက် တာချီလိတ်မြို့နယ်၊ ရှမ်းရိုးမကွင်းထဲ၌ နံနက် ၈နာရီမှ နေ့လည် ၁၁ နာရီအထိ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှု အခမ်းအနားတွင် နံနက် ၈နာရီမှ နေ့လည် ၁၁ နာရီအချိန်ထိ မည်သူမဆို မိမိတို့ မ၀တ်တော့သည့် အ၀တ်အစားများအား လှူဒါန်းနိုင်ကြမှာဖြစ်ပြီး အခမ်းအနားပြီးသည့်နောက်ပိုင်းတွင်လည်း မဇ္ဈိမလူမှုကူညီရေးအသင်းမှ ၀တ်ဘီဒိုများကို ရပ်ကွက်ရုံးများ အသီးသီး၌ ရပ်ကွက်ထဲမှ အသုံးမလိုတော့သည့် အ၀တ်များကို လှူဒါန်းနိုင်ရန် ထားရှိပေးထားမှာဖြစ်ကြောင်းလည်း သိရသည်။

လာရောက်လှူဒါန်းကြသော အ၀တ်အစားများကို မဇ္ဈိမလူမှုကူညီရေးအသင်းမှ သဘာဝဘေးကြောင့် ဒုက္ခရောက်သူများ နှင့် အ၀တ်အစားလိုအပ်သူများကို ပြန်လည်ပေးအပ်လှူဒါန်းသွားနိုင်ရန်အတွက် ရည်ရွယ်တာဖြစ်ကြောင်း သိရသည်။


▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News

0 comments:

Post a Comment