19.10.13

ကော်တို့စ်နှင့်ပတ်သက်၍ ဘာစီလိုနာကို မော်ရင်ဟို သတိပေး

ချဲလ်ဆီးနည်းပြ ဟိုဆေးမော်ရင်ဟိုက ဘာစီလိုနာအနေဖြင့် ၎င်းတို့၏
ဂိုးသမားကော်တို့စ်ကို ခေါ်ယူရန် ကြိုးပမ်း၍ အချိန်မဖြုန်း ရန် ပြောကြား လိုက်သည်။

ဘယ်လ်ဂျီယံ လက်ရွေးစင် ဂိုးသမားသည် ဂျန့်မှ (၂၀၁၁)ခုနှစ်တွင် စတမ်းဖို့ဒ် ဘရစ်ခ်ျသို့ ရောက်လာပြီးနောက် အက်သလက်တီကို မက်ဒရစ်တွင် (၃)ရာသီဆက် အငှားဖြင့် သွားကစားနေသူဖြစ်သည်။

၎င်းသည် အက်သလက်တီကို မက်ဒရစ်တွင် အကောင်းဆုံး လက်စွမ်းပြ ကစားနိုင်မှုကြောင့် ကမ္ဘာ့အကောင်းဆုံး ဂိုးသမားစာရင်းတွင် ပါဝင် လာ သူဖြစ်သည်။ ဘာစီလိုနာသည် ရာသီအကုန်တွင် ထွက်ခွာမည့် ဗစ်တာ ဗဲလ်ဒက်စ် ၏နေရာတွင် အစားထိုးရန်အတွက် ဂိုးသမားသစ် ရှာဖွေနေပြီး ၎င်းတို့၏အ၀ယ်စာရင်းတွင် ကော်တို့စ်မှာ ထိပ်ဆုံးမှ ပါဝင်နေသည်။

သို့ရာတွင် မော်ရင်ဟိုက“ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား(ပီတာချက်)ကို ပိုင်ဆိုင်ထားပါတယ်။ ပြီးတော့ ကမ္ဘာ့ အငယ်ဆုံး ဂိုးသမားကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါဟာ အင်မတန်ကောင်းမွန် တဲ့ ပြဿနာပဲ ဖြစ်ပါ တယ်။ ကျွန်တော်တို့ရဲ့ ဂိုးပေါက်က လုံခြုံနေပါတယ်။ ဘဏ္ဍာရေးပိုင်းကလည်း အရမ်းကို လုံခြုံစိတ်ချ ရပါတယ်။ ဈေးကွက် အတွင်းမှာရှိတဲ့ တန်ဖိုးဟာ အကောင်းဆုံး တန်ဖိုးပဲဖြစ်ပါတယ်။ အခုအချိန် မှာ ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော် မတွေးပါ ဘူး။ ကျွန်တော် တို့ရဲ့အနေအထားက အရမ်းကို စိတ်လှုပ်ရှားစရာကောင်းနေတဲ့အတွက် ဒါနဲ့ပတ်သက်ပြီး စိုးရိမ်စရာလည်း မလိုပါဘူး။ အားလုံးကို ကျွန်တ်ာတို့ကပဲ ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဘာစီလိုနာပဲဖြစ်ဖြစ်၊ အက်သလက် တီကိုပဲဖြစ်ဖြစ်၊ အခြားအသင်း တစ်သင်းသင်းပဲဖြစ်ဖြစ် ကျွန်တော် တို့ရဲ့ဂိုးသမားတွေကို စိတ်ဝင်စားလာတယ်ဆိုရင်လည်း ကျွန်တော်တို့က အခြေအနေအားလုံးကို အကောင်းဆုံးထိန်းချုပ် ထားပါတယ်" ဟု ကြားသွားခဲ့သည်။

အသက်(၂၁)ဂိုးသမားသည် အက်သလက်တီကို မက်ဒရစ် အသင်းနှင့်အတူ ကိုပါဒယ်ရေး၊ ဥရောပစူပါဖလား၊ ယူရိုပါလိဂ်ဖလားတို့ ဆွတ်ခူးထားသူဖြစ်ပြီး ယမန်နှစ်က လာလီဂါအကောင်း ဆုံးဂိုးသမားဆု(ဇာမိုရာဆု)ကို ဆွတ်ခူးနိုင် ခဲ့သည်။

Goal Myanmar

0 comments:

Post a Comment