19.10.13

ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွင်ပါဝင်သည့် ရေငုပ်သဘောင်္ကားကို သန်းကြွယ် သူဌေး Elon Musk မှဝယ်ယူထားကြောင်းဝန်ခံ

လူသုံးအများဆုံး PayPal Online ငွေကြေးဝန်ဆောင်မှုကုမ္မဏီပိုင်ရှင် ၊ Tesla
ကားကုမ္မဏီရဲ့ Co-founder လည်းဖြစ်တဲ့ နည်းပညာလောကသား သန်းကြွယ်သူဌေးကြီး Elon Musk ဟာ James Bond ရဲ့ အအောင်မြင် ဆုံးရုပ်ရှင်ကားစာရင်းဝင် The Spy Who Loved Me ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ ပုံပါ ရေငုပ်သဘောင်္ကားကို ၀ယ်ယူခဲ့ကြောင်းဝန် ခံခဲ့ပါတယ်။

ဈေးနှုန်းအနေနဲ့လည်း စတာလင်ပေါင် ၅သိန်း ၅သောင်းထိ ကျသင့်ခဲ့
တယ်လို့ လည်းဆိုထားပါတယ်။ တောင်အာဖရိကအနွယ်ဖွား Elon Musk ဟာအတော်လေးကိုနည်းပညာ နဲ့ ပတ်သက်လာရင် ခုန်မင် တတ်တယ်လို့
သိရပြီး ရေငုပ်သဘောင်္ကားကိုလည်း လန်ဒန် မှ ပြီးခဲ့တဲ့ လအတွင်းကပဲဝယ်
ယူခဲ့တယ်လို့ဆိုခဲ့ပါတယ်။

Smart Pro Journal

0 comments:

Post a Comment