4.12.13

လွတ်လပ်ရေးမော်ကွန်းဝင်များကို အစိုးရမှ ထောက်ပံ့ပေးရန်မရှိသေး

မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အသက်သွေးချွေး ပေးဆပ်တိုက်ပွဲဝင်ခဲ့ ကြသည့် လွတ်လပ်ရေး မော်ကွန်းဝင်များကို အစိုးရမှ ထောက်ပံ့ပေးရန် အစီအစဉ် မရှိသေးဟု သမ်္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တယ်လီဖုန်းမှတစ်ဆင့် မဇ္ဈိမ ကိုပြောသည်။

“မော်ကွန်းဝင်တွေကို ထောက်ပံ့ထားတာတွေရှိတယ်။ သူ့ဥပဒေပါအတိုင်း ခံ စားခွင့်ရှိတာတွေကို ခံစားခွင့် ပြုထားပါတယ်။ အစိုးရကနေပြီးတော့ သက်သက် အစီအစဉ်နဲ့ ထောက်ပံ့ဖို့တော့မရှိသေး ဘူး ”ဟု ၎င်းင်းက ဆိုသည်။


BIA (ဗမာ့လွတ်လပ်ရေးတပ်မတော်)၊ BDA (ဗမာ့ကာကွယ်ရေးတပ်မတော် နှင့် PBF ဗမာ့တပ်မတော်) သုံးခုလုံးတွင် ပါဝင်သူများကို လွတ်လပ်ရေးမော် ကွန်းဝင် ပထမအဆင့်၊ တပ်မတော် နှစ် ရပ်တွင် ပါဝင်သူကို ဒုတိယအဆင့်၊ တပ် မတော်တစ်ရပ်တွင် ပါဝင်သူကို တတိယ အဆင့်အဖြစ် သတ်မှတ်ထားပြီး လွတ်လပ်ရေးမော်ကွန်းဝင်များ ချီးမြှင့်ခြင်းဥပဒေပါအတိုင်း ချီးမြှင့်လျက်ရှိသည်။
မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရန် ဗမာတပ်မတော်များတွင် ပါဝင်တိုက်ပွဲ ၀င် ကြိုးပမ်းခဲ့သည့်

လွတ်လပ်ရေး မော် ကွန်းဝင်များကို ထောက်ပံ့ပေးရေးအတွက် အစိုးရမှ ဆောင်ရွက်သင့်ပြီဖြစ်သည် ဟု ရဲဘော်သုံးကျိပ်ဝင်နှင့် လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့် ဗမာတပ် မတော်သားဟောင်း တစ်ဦး၏ မိသားစုဝင်များက မဇ်္ဈိမကိုပြောသည်။

ယခုအခါတွင် မြန်မာနိုင်ငံလွတ်လပ် ရေးရရှိရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ တိုက်ပွဲများဝင် ခဲ့ကြသည့် လွတ်လပ်ရေးတိုက်ပွဲဝင် တပ်မတော်သားများ ကို အစိုးရနှင့် ပြည်သူများအကြားတွင် မှေးမှိန် နေပြီး အဆင့်မြင့်အရာရှိများသာ ဘ၀ကို အဆင့်မြင့်မြင့်နေထိုင်ရပြီးရရာလက်နက်ဖြင့် ဖက်ဆစ်နှင့် အင်္ဂလိပ် တို့ကို တိုက်ထုတ်ခဲ့သည့် ဗမာတပ်မတော်သား အများစုသည့် ဆင်းရဲတွင်းတွင်သာ အများစု နေထိုင်နေရသည်ဟု ၁၉၉၁ ခုနှစ်က အသက် ၈၆ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည့် လွတ်လပ်ရေး မော်ကွန်းဝင်ပထမအဆင့်ဖြစ်သူ အရာခံအကြပ် လေးဦးတင်၏ဇနီးဖြစ်သူ ဒေါ်တင်ရီက မဇ္ဈိမကိုဆိုသည်။

လက်ရှိလွတ်လပ်ရေး မော်ကွန်းဝင် များကို နိုင်ငံတော်မှ ချီးမြှင့်သည့်ငွေကို မိမိအနေဖြင့် လုံးဝခံစားခံရခြင်း ရရှိခြင်းမရှိခဲ့ဘဲ ခေတ်နှင့်အညီပေးအပ်သည့်ငွေကြေးပမာဏမဟုတ်သည့်အပြင် မိမိတို့ အားပေး အပ်ရန်ဆက်သွယ်လာခြင်း မရှိခြင်းတို့ကြောင့် လုံးဝမရရှိခဲ့ဘူးဟု ၎င်းက ဆိုပါသည်။

“အခုအဘွားမှာ နေစရာအိမ်တောင် မရှိဘူး ဘယ်စစ်မှုထမ်းဟောင်းအဖွဲ့တွေ ကမှလည်း မကူညီဘူး အမျိုးသားရှိတဲ့ အချိန်ကတည်းကဘယ်သူမှ လာကူညီ တာ မရှိ ပါဘူး။ သူလေဖြတ်တုန်းကလည်း ဆေးရုံတက်တဲ့အချိန်မှာ ဘယ်လို အထောက်ပံ့မှ ရတာမရှိခဲ့ဘူး သူလည်း လေဖြတ်တာနဲ့ပဲ ဆုံးသွားတာပါ” ဟု လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့် ဖြစ်သူအရာခံအကြပ်လေး ဦးတင်ရှိစဉ် က ခံစားခဲ့ရမှုကို ၎င်းင်း၏အမျိုးသမီး က ပြောသည်။
ဗိုလ်ချုပ်ကြီးနေ၀င်းအပါအ၀င် လွတ် လပ်ရေးမော်ကွန်းဝင်၂၂၀ ဦးအထိကို နိုင်ငံတော်မှ သတ်မှတ်ထားကာ ယခင်နှုန်းထားများအတိုင်း ထောက်ပံ့ပေး လျက်ရှိသည်။ ယင်း ၂၂၀ ဦးတွင် ဦးတင် မှာ၂၈ ဦးမြောက်တွင်ပါဝင် သူတစ်ဦး ဖြစ်သည်။

“လွတ်လပ်ရေး မော်ကွန်းဝင်တွေမှာ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယ အဆင့်ဆိုတာ ရှိတယ်။ ဟိုတုန်းက သခင်ဘွဲ့ခံသူတွေတောင်မှ ပထမအဆင့် ကို မရသူတွေရှိတယ်။ အစိုးရက ဒီလို လွတ်လပ် ရေး မော်ကွန်းဝင်တွေကို ထောက်ပံ့တဲ့ အစီအစဉ်လုပ်သင့်တယ်။သူတို့ကို လက်ရှိထောက်ပံ့တာက ခေတ် နဲ့လည်း မညီတော့ဘူး အခုဆိုရင် သူတို့ တွေက ဆင်းရဲတဲ့သူတွေ တော်တော်များ ရှိတာကို အပြည့်ဝမဟုတ်ရင် တာင် တစ်ခုခုကို အစီအစဉ်လုပ်ပြီး ထောက်ပံ့ သင့်တယ်၊ ထောက်ပံ့မယ်ဆိုရင် ကောင်း မှာပေါ့” ဟု မကြာမီက ကွယ်လွန်ခဲ့သည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်သားဖြစ်သူ ဦးကျော် ကျော်က ဆိုသည်။

အောက်တိုဘာလ ၂၈ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လွတ်လပ်ရေး မော်ကွန်းဝင်များ အား လစဉ်ချီးမြှင့်ပေးနေသည့် ချီးမြှင့် ငွေများ တိုးမြှင့်ပေးရန် အစီအစဉ်မရှိဟု သမ်္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးစိုးမောင်က ကိုယ်စားလှယ် တစ်ဦး၏ မေးမြန်းချက်ကို ဖြေကြား ခဲ့သည်။
လွတ်လပ်ရေးမော်ကွန်းဝင် ပထမအ ဆင့်ကို တစ်လ ကျပ် ၇၅၀၊ ဒုတိယအ ဆင့်ကို ကျပ် ၃၇၅ ချီးမြှင့်နေသည်ဟု ဖြေ ကြားခဲ့သည်။

လွတ်လပ်ရေး မော်ကွန်းဝင်များကို ၁၉၈၀ ပြည့်နှစ်က တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေအဖြစ် ပထမအဆင့် တစ်လ ကျပ် သုံးသောင်း၊ ဒုတိယအဆင့် ကျပ် ၁၅,၀၀၀၊ လစဉ်ချီးမြှင့်ငွေအဖြစ် ပထမ အဆင့် ကျပ် ၆၀၀၊ ဒုတိယ အဆင့် ကျပ် ၃၀၀ ပေးအပ်ခဲ့သည်။

ထိုစဉ်က ရွှေဈေးနှုန်းသည် တစ်ကျပ် သား ကျပ် ၆,၀၀၀ မှ ကျပ် ၇,၀၀၀ အကြား သာရှိကြောင်းပြီး ၁၉၉၃ ခုနှစ် အရောက် တွင် ပထမအဆင့်ကို တစ်လ ကျပ် ၇၅၀၊ ဒုတိယအဆင့်ကို ကျပ် ၃၇၅ တိုးမြှင့် ချီးမြှင့်ခဲ့သည်ဟု ၀န်ကြီးက ရှင်းလင်းခဲ့သည်။

Mizzima - News in Burmese

0 comments:

Post a Comment