27.2.14

အဆီတက်ခြင်းအကြောင်းတရား ……




လူအများနေ့ စဉ်စားသုံးနေသောအစားအစာများတွင် ပါဝင်နေသော အဆီများကြောင့် သွေးတွင်းသွေးကြောများတွင် ကိုလက်စထေရာအချိုးအစားများစုစည်းမြင့်တက်လာပြီး ဝမ်းဗိုက်များတွင်လည်း အဆီများတက်လာပြီး ဗိုက်ခေါက်ထူ ဗိုက်ပူလာပါသည် ။ မိမိတို့ စားသုံးသော အစားများတွင် ပျော်ဝင်ခြင်းမရှိသော ဆီများစားသုံးခြင်းကြောင့် များမကြာမှီ တင်ပြသလို့ ဖြစ်ပေါ်ပါသည် ။ပျော်ဝင်ဆီမဟုတ်ခြင်းကြောင့် အဆီများတက်လာပါသည် ။ ပျော်ဝင်ခြင်းရှိသော ဆီများအနေဖြင့် စားသုံးပြီးသောလည်း ခန္ဓာကိုယ်အတွင်းသိုလှောင်ခြင်း မပြု့ ဘဲ ကယ်လိုရီအဖြစ်ပြောင်းလဲခြင်းကြောင့် အဆီတက်ခြင်း မဖြစ်ပေါ်တော့ပါ ။ ပျော်ဝင်ခြင်း မရှိသောဆီများအနေဖြင့် ဗိုက်နေရာတွင် အဆီများ စုဝေးပြီး ထပ်မံပြီး အသည်းကိုလည်း အဆီဖုံးစေနိုင်ပါသည် ။

ပျော်ဝင်နှုန်းရှိသော နေကြာဆီကို ဆီပါမှာ စားသောက်ကောင်းသူများအနေဖြင့်ပိုမိုသင့်တော်သလို့  ပျော်ဝင်မှု့ မရှိသော စားအုန်းဆီအမျိုးအစားကို စားသုံးခြင်း မသင့်ပါ ။ မြန်မာ့အစားအစာချက်လုပ်ရာတွင် ဆီများစွာသုံးခြင်းသည်လည်း ကျန်းမာရေးအတွက်မသင့်သလို့  ရေရှည်အတွက်လည်း အသည်းအဆီဖုံးခြင်း နှင့် ခါးဝမ်းဗိုက်များ အဆီစုစည်းခြင်းကြောင့် ခါးတုတ် ဗိုက်ပု လာပါသည် ။

သင့်နေ့ စဉ်စားသုံးသော အစားအစာနှင့် ချက်ပြုတ်ဟင်းအလျာများတွင် ဆီပါဝင်ချက်ပြုတ်စားသုံးခြင်းကို လျော့ချပြီး စားသုံးပါ ချက်ပြုတ်ပါ ။ ပျော်ဝင်မှု့ မရှိသော ဆီပါဝင်သော မုန့် များနှင့် အစားသောက်များကို စားသုံးနေလျှင်လည်း အဆီချခြင်းအတွက်လုပ်ဆောင်နေပေမဲ့ သင့်အတွက် ပင်ပန်းမောပန်းနေမှု့ သာ အဖက်တင်နေပါလိမ့်မည် ။

ရေရှည်စားသုံးခြင်းကြောင့် အဆီစုစည်းခြင်းများလာလျှင် ခန္ဓာကိုယ်လှုပ်ရှားရခြင်း လေးထိုင်လာသလို့ လှချင်သည့်စိတ်ကူးတွေလည်း ဝေးလာပါမည် ။

အသက်ရာကျော် ရှည်ပါစေ
Mg Mandalay

0 comments:

Post a Comment