27.2.14

သန်းခေါင်စာရင်းကောက်ယူမှု အကူအညီပေးရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေး

သန်းခေါင်စာရင်းကောက်ယူမှုဆိုင်ရာအကြောင်းအရာများ အလုပ်ရုံဆွေးနွေးပွဲကို အစိုးရနှင့်ငြိမ်းချမ်းရေး သဘောတူလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့မှ ဆက်ဆံရေးရုံးတာဝန် ခံများက တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်မှ၂၈ ရက်ထိ သုံးရက်တိုင် ပြုလုပ် လျက်ရှိသည်။


အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို တိုင်းရင်းသား ငြိမ်းချမ်းရေးအရင်းအမြစ်စီမံချက် (EPRP- Ethnic Peace Resources Project)အဖွဲ့မှ စီစဉ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ညှိနှိုင်းရေးမှူး ဦးစောချစ် သက်ထွန်းက မဇ္ဈိမကို ပြောသည်။

“ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ဆက်ဆံရေးရုံးတွေက အရမ်းအရေးကြီးတဲ့ အနေထားမှာရှိတယ်”ဟု ၎င်းက ပြောသည်။ သုံးရက်တာ အလုပ်ရုံဆွေးနွေးပွဲတွင် ဆက်ဆံရေးရုံးများ၏ လုပ်ငန်းဆောင်တာများနှင့် လာ မည့် သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်သည်။

RCSS/SSA အဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ တောင်ကြီးရုံး ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ် မှူးစိုင်းဦးက “သန်းခေါင်စာရင်းဆိုတာ နှစ်ပေါင်း ၃၀ လောက် မကောက်တာကြာပြီ။ ဒီကရရှိလာတဲ့ အ ချက်တွေကို ပြည်သူလူထုရော၊ အစိုးရရော အထောက်အကူပြုနိုင်အောင် မှန်မှန်ကန်ကန်ရရှိဖို့ ကျွန် တော်တို့အနေနဲ့ ကူညီပေးသွားနိုင်မယ်လို့ ထင်တယ်”ဟု ပြောသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် ကရင်အမျိုးသားအ စည်းအရုံး(KNU)၊ ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNPP)၊ ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရှမ်း ပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPA/SSA)၊ ကရင်ငြိမ်းချမ်းရေကောင်စီ KNU/KNLA(PC) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)တို့မှ ဆက်ဆံရေးရုံးတာဝန်ခံ၂၇ ဦး တက်ရောက် ဆွေးနွေးနေသည်။

Mizzima

0 comments:

Post a Comment