27.2.14

ဒလမြို့တွင်လမ်းပိတ်ဆို့မှုများအားရှင်းလင်းဆောင်ရွက်


ရန်ကုန် ဖေဖော်ဝါရီ ၂၇
ဒလမြို့နယ်တွင် လူသွားလမ်းပိတ်ဆို့မှု အဆိုးရွားဆုံးဖြစ်ပေါ်နေသည့် ဒလသင်္ဘောဆိပ် (တံလျှပ်ဆိပ်ကမ်း) နေရာတွင် ပြည်သူတို့၏ လိုလား ချက်အရ လမ်းရှင်းလင်းခြင်း၊ စည်းကမ်းမဲ့ဈေးသည်များအား ရှင်းလင်းခြင်း အပါအ၀င် စည်းကမ်းထိမ်းသိန်းရေးလုပ်ငန်းရပ်များကို မြို့နယ်အုပ်ချုပ်
ရေးမှူး ဦးထွန်းထွန်းဝင်း အပါအ၀င်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ရေး အဖွဲ့များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများနှင့် မြို့နယ်အထောက်အကူပြုကော်မတီဝင်များ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြ သည်။ ဆောင်ရွက်ရာတွင် လမ်းမကြီးဧရိယာအတွင်းရှိ ဈေးဆိုင်များအား ဖျက်သိမ်းခြင်း၊ စည်းကမ်းမဲ့ ဆိုင်ကယ်တက္ကစီနှင့် ဆိုက်ကားများအား ဖယ်ရှားခြင်း၊ မော်တော်ယာဉ်များအား ယာဉ်ရပ်နားရာနေရာများတွင် စနစ်တကျရပ်နားစေခြင်းများ ဆောင်ရွက်ကြပြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ရေးရုံးအတွင်း မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရှင်းလင်းရေးအဖွဲ့ အစည်းမှ တာဝန်ရှိသူများ၊ မော်တော်ယာဉ် လိုင်းများမှ တာဝန်ရှိသူများ သည် လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးကြသည်။ အဆိုပါနေရာသည် သတင်းစာ၊ ဂျာနယ်များတွင် လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း မကြာခဏ
ဖော်ပြခံနေရသောနေရာဖြစ်ပြီး ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် (၂)လကျော်ခန့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

0 comments:

Post a Comment