27.2.14

ဧရာဝတီမြစ်တွင်ဆည်ငယ်များတည်ဆောက်၍ မြစ်ချောင်းထိန်းသိမ်းခြင်းစီမံကိန်းရပ်ဆိုင်း



27-2-2014

မြစ်ကြောင်း ထိန်းသိမ်းရေး အတွက် အဓိကရည်ရွယ်၍ တည် ဆောက်ရန် လျာထားခဲ့သော ဧရာဝတီမြစ်ကြောင်းပေါ်မှ ဆည် ငယ်များတည်ဆောက်ရေးကို ရပ် ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရေအရင်း အမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။



ဧရာဝတီမြစ်ပေါ်တွင်ဆည်ငယ် များတည်ဆောက်ရေးနှင့်မြစ်ကြောင်း ထိန်းသိမ်းရေးအတွက်ဘယ်လ်ဂျီယံ နိုင်ငံ SBE nv Engineering Co., Ltd. မှ စမ်းသပ်လေ့လာမှုများကို ၂ဝဝ၁ခုနှစ်နှစ်စပိုင်းမှစတင်ဆောင် ရွက်ခဲ့ပြီးကုန်ကျငွေကိုဘယ်လ်ဂျီယံ နိုင်ငံအစိုးရမှကျခံခဲ့ကြောင်း သိရ သည်။

ဆက်လက်၍ စမ်းသပ်လေ့ လာရန် ၇ ဒသမ၂ သန်းမျှကုန်ကျ မည်ဖြစ်ရာ ကုန်ကျစရိတ်ကြီးမား မှုကြောင့် ရပ်ဆိုင်းလိုက်ခြင်းဖြစ် ကြောင်း သိရသည်။

ယင်းစီမံကိန်းကိုရပ်ဆိုင်းလိုက် သော်လည်း ဧရာဝတီမြစ်တစ်ခုလုံး လွှမ်းခြုံနိုင်မည့် ပင်မစီမံကိန်းကို ရေးဆွဲ၍မြစ်ကြောင်းထိန်းသိမ်းရေး ကိုဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရပ်ဆိုင်းလိုက်သောစီမံကိန်း သည် မြစ်ကြောင်းထိန်းသိမ်းရန် ဆည်ငယ် (Low Head Dam ) ကိုတည်ဆောက်ပြီး ယင်းဆည် များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ် နိုင်ရန် စီစဉ်ထားကြောင်း သိရ သည်။

ပထမစီမံကိန်းလေ့လာစမ်း သပ်ချက်အရ ဧရာဝတီမြစ်ရိုးတစ် လျှောက်ဆည်များ တည်ဆောက် နိုင်သော ထုံးဘို၊ ဥလောက်၊ ရွှေကျင်၊ လမ်းရွာအပါအဝင် တည် နေရာ ၁၆ နေရာလျာထာပြီးဖြစ် ကြောင်းသိရသည်။

ထို Low Head Dam များမှတစ်ဆင့် မြစ်ချောင်း ထိန်းသိမ်းခြင်း
အပြင်လျှပ်စစ်ဓာတ် အားထုတ်လုပ်နိုင်ရန်လည်း စီစဉ် ထားကြောင်း သိရသည်။

The Union Daily

0 comments:

Post a Comment