27.2.14

ထိုင်းနိုင်ငံ True ကုမ္ပဏီနှင့် ရတနာပုံ တယ်လီပို့ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး



27.2.2014

ထိုင်းဆက်သွယ်ရေး ကုမ္ပဏီတခု ဖြစ်သည့် True Corp Pcl သည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ ပူးပေါင်း လုပ်ဆောာင်ရန် ရတနာပုံ တယ်လီပို့ နှင့် ဆွေးနွေးနေကြောင်း သိရသည်။ True ၏ အကြီးအကဲ Noppadol Dej-Udom က ရတနာပုံ တယ်လီပို့နှင့် ညှိနှိုင်းနေကြောင်း၊ ညှိနှိုင်းအောင်မြင်ပါက ဆောင်ရွက်မည့် အစီအစဉ်များ တင်သွင်းရမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က
ရိုက်တာသတင်းဌာနသို့ ပြောသည်။ True Corp Pcl ကို Charoen Pokphand Group က ဦးဆောင်လျက်ရှိပြီး၊ ထိုင်းနိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ် Dhanin Chearavanont က ပိုင်ဆိုင်ကြောင်း သိရသည်။ လက်ရှိတွင် ရတနာပုံတယ်လီပို့ သည် မြန်မာနိုငံတွင် အင်တာနက် ၀န်ဆောင်မှုများ ပေးနေပြီး၊ ပြည်တွင်း ကုမ္ပဏီ ၁၃ ခု၊ မြန်မာအစိုးရ နှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။

Source: The Irrawaddy

0 comments:

Post a Comment