19.2.14

အာဆီယံကျင့်ဝတ်စည်းမျဉ်းများ ပေါ်ထွက်လာမှ တောင်တရုတ်ပင်လယ် အငြင်းပွားမှုကို ဖြေရှင်းနိုင်မည်ဟု ကယ်ရီပြော



Wednesday, February 19, 2014

အရှေ့တောင်အာရှ နိုင်ငံအချို့နှင့် တရုတ်နိုင်ငံတို့အကြား ပင်လယ်ပြင်ပိုင်နက် အငြင်းပွားမှုများနှင့် ပတ် သက်၍ တရုတ်နိုင်ငံက နှစ်သက်လျက်ရှိသော နည်းလမ်းဖြစ်သည့် တစ်နိုင်ငံချင်းစီဖြေရှင်းရန် ကြိုးပမ်း မည့်အစား အပြည်ပြည်ဆိုင်ရာ တရားဝင် စည်းမျဉ်းစည်းကမ်းများကို အခြေခံ၍ ဖြေရှင်းရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တရုတ်ကို ဖိအားတိုးမြှင့်ပေးလိုက်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှု ပြဿနာအား ငြိမ်းချမ်းစွာ ကိုယ်တွယ်ဖြေရှင်းနိုင်ရေး နှင့် ကမ္ဘာပေါ်တွင် မဟာဗျူဟာအရ အရေးအပါဆုံး ရေပိုင်နက်များထဲတွင် တစ်ခုအပါအ၀င် ဖြစ်သည့်နေ ရာတွင် ပဋိပက္ခများကို ရှောင်ရှားနိုင်ရေးအတွက် ကျင့်ဝတ်စည်းမျဉ်း (code of conduct) တစ်ခု ထွက် ပေါ်လာရန် လိုအပ်ပြီး၊ အာရှပစိဖိတ်ဒေသ၏ တည်ငြိမ်ရေးသည် ထိုကျင့်ဝတ်စည်းကမ်း ထွက်ပေါ်လာ ခြင်းအပေါ်တွင် မူတည်နေလိမ့်မည်ဖြစ်ကြောင်း ဂျွန်ကယ်ရီက ဂျာကာတာတွင် ပြောကြားခဲ့သည်။

အာရှ-ပစိဖိတ်ဒေသရှိ ရေပြင်ကို တစ်စတစ်စဖြင့် ပိုမိုလွှမ်းမိုးထိန်းချုပ်နိုင်ရန် တရုတ်နိုင်ငံက ကြိုးစားနေ သည်ဟု အမေရိကန်က ရှုမြင်လျက်ရှိပြီး စိုးရိမ်မှုများ မြင့်တက်လာနေသည်။ ရေပိုင်နက်များကို ပိုမို လွှမ်း မိုးနိုင်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းချက်များထဲတွင် နိုဝင်ဘာလ ၂၃ ရက်က အရှေ့တရုတ်ပင်လယ်အတွင်း ၌ လေကြောင်း ကာကွယ်ရေးဇုန် (ADIZ) တစ်ခု သတ်မှတ်ကြေညာခဲ့ခြင်းလည်း ပါဝင်ကာ ဂျပန်နှင့် တရုတ်အကြား အငြင်းပွားနေသည့် ကျွန်းများလည်း တရုတ်လေကြောင်းဇုန်ထဲတွင် ပါဝင်သွားခဲ့သည်။

“ဒီဒေသရဲ့ အနာဂတ်တည်ငြိမ်မှုဟာ ကျင့်ဝတ်စည်းမျဉ်း ထွက်ပေါ်လာရေး ကြိုးပမ်းချက်တွေ အောင်မြင် မှုနဲ့ အချိန်ကိုက် ဖြစ်မှုတွေအပေါ်မှာ တစ်စိတ်တစ်ပိုင်း မူတည်နေတယ်လို့ ပြောတာဟာ ပုံကြီးချဲ့တာ မဟုတ်ပါဘူး” ဟု သူ၏ အာရှနှင့် အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း အင်ဒိုနီးရှား နိုင်ငံ၏မြို့တော်တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဂျွန်ကယ်ရီက ပြောခဲ့သည်။

တောင်တရုတ်ပင်လယ်ရှိ ဧရိယာ စတုရန်းကီလိုမီတာပေါင်း ၃ ဒသမ ၅ သန်း ၏ ၉၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံက ၎င်းတို့ ပိုင်ဆိုင်ကြောင်း တောင်းဆိုထားကာ မြေပုံပေါ်တွင် “nine-dash line” ဟု ခေါ် သောမျဉ်းကို ရေးဆွဲသတ်မှတ်ပြီး တောင်းဆိုနေခြင်း ဖြစ်သည်။ ဘရူနိုင်း၊ ဗီယက်နမ် ဖိလစ်ပိုင်တို့နှင့် လည်း တောင်တရုတ်ပင်လယ်တွင် နယ်မြေ ပိုင်ဆိုင်မှုအတွက် တရုတ်က အချင်းများနေသည်။

Mizzima

0 comments:

Post a Comment