19.2.14

၈၈ များ ထောင်ချောက် ဧရိယာထဲသို ခြေတစ်လှမ်း စဝင်ခြင်း သိုမဟုတ် ..... ဥသဘ ဗျူဟာ အဖွင့် စတင်ခြင်းပေလော ...... ။



၈၈ ခေါင်းဆောင် ကိုကိုကြီးက အမျိုးသားရေဆိုတဲ့နေရာမှာ အစွန်းမရောက်ဖို့ ပြေားကြားခြင်းနှင့်
ကိုမြအေးဟာ နိုင်ငံအတွက် နိုင်ငံအကျိုးအတွက် ၈၈ အဖွဲ့တွင် အရင်ကတည်းက ပူးတွဲလုပ်ကိုင်ခဲ့ပြီး အစွန်းရောက်စကားကို ဘယ်တုန်းကမှ ပြောကြားခဲ့ခြင်းမရှိကြောင်း ပွင့်ပွင့်လင်းလင်း ဒဲ့ဒိုး ရှင်၍ ပြောကြားခဲ့ ။

အထက်ပါ ကိုကိုကြီး၏ ပြောကြားချက်မျိုး ၈၈အဖွဲ့က တုန့်ပြန်ချက်မျိုး ဖြစ်ပေါ်လာအောင် စစ်အာဏာရှင်များက အမျိုးသားရေးဆိုပြီး မဟာဗျူဟာမြောက် ထောင်ချောက်ဆင်ခဲ့တာ ကြာပါပြီး ။

၈၈ အဖွဲ့ကိုသာမဟုတ် အန်အယ်လ်ဒီပါတီကိုလဲ ဤကဲ့သို့ ထောင်ချောက်ဆင်ခဲ့တာ ကြာပါပြီ ။

နိုင်ငံရေးသမားဆိုတာက နိုင်ငံတနိုင်ငံလုံးအတွက် နိုင်ငံသားအားလုံအတွက် နိုင်ငံ၏အကျိုးစီးပွားတိုးတက်ရေး ကောင်းမွန်ရေး ငြိမ်းချမ်းရေးကိုသာ အဓိကထားပြီး ရှု့မြင်သုံးသတ် လုပ်ဆောင်တြယ် ။

စစ်အာဏာရှင်ဆိုတာက ဘယ်သူသေသေ ငတေမာပြီးရော အာဏာရလူတစုအတွက်သာ ကာကွယ်စောင့်ရှောက်ရေးကို အဓိကထား ကာကွယ်လုပ်ဆောင်ကြတယ် ။

ဒီနေရာမှာ နိုင်ငံရေးသမားများ၏ နိုင်ငံကောင်းကျိုးဆိုတဲ့နေရာမှာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ပါဝင်နေလေတော့ ၇၅% ကျော်ရှိတဲ့ ဗုဒ္ဓဘာသာဝင်များ ဘာသာခြား ကိုယ်ကွယ်မှု မတူကြသူများ တိုင်းရင်းသာလူနည်းစုများနှင့် လူမျိုးခြားများပါဝင်ပါတယ် ။

ဒီတော့ စစ်အာဏာရှင်တွေက မွတ်စလင်ဘာသာနဲ့ ပတ်သက်လာရင် အကဲဆပ်ချင်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို အသုံးချဖို့ ကျိုးစားလာကြတယ်၊ အဲဒါကြောင့် ၂ နှစ်လုံးလုံး မွတ်စလင်ဆန့်ကျင်ရေးကို နည်းမျိုးစုံ ဗျူဟာခင်းပြီး ရန်တိုက်ပေးနေသလို အကဲဆပ်ချင်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို နောက်ကွယ်ကမြှောက်ပေးပြီး ကြိုးကိုင်လာတယ်၊

ဒီနေရာမှာ စစ်အာဏာရှင်တွေကို မမှန်ရင် မမှန်သလို ပြတ်ပြတ်သားသား ပြောမည့် ဘုန်းတော်ကြီးတွေကို တရားဟောခွင့်တွေ ပိတ်လိုက်တယ်၊ ဒါပေမယ့် စစ်အာဏာရှင်တွေ အလိုကျ ဟောပြောမည့် ဘုန်ကြီးတွေကို ထင်သလိုပြောဖို့ ခွင့်ပြုထားလိုက်တယ်။

အဲ့ဒီတော့ အမှားတွေကို ထပ်ခါထပ်ခါ ကြားနေရရင် အမှန်တွေလို့ ထင်လာသလို ဒီနှစ်ပိုင်းအတွင်းမှာမှ မွတ်စလင်တွေကို မနှိမ်နင်းရင် မြန်မာပြည်ကြီး ပျက်စီးသွားတော့မည့်အတိုင်း ဝါဒတွေ ဖြန့်လာတယ် ၊

လူပြိန်းအချို့ သိုမဟုတ် အဆင်မပြေတာတွေများပြီး အလိုလိုနေရင်း ပေါက်ကွဲချင်နေတဲ့ လူအချို့နှင့် ချုပ်တည်းမှု့တွေ တသက်လုံးများနေခဲ့ပြီး လွတ်လပ်ခြင်းကို နားမလည်တဲ့ ဟေးလားဝါးလားသမားတွေဟာ ဒီအဓိကရုဏ်းဖန်တီးမှု့တွေထဲမှာ သတ်သွင်းခြင်းခံလိုက်ရတယ်၊

တနိုင်ငံလုံးရဲ့ အကျိုးစီးပွားနှင့် တရားမျှတရေးကို ဆောင်ရွက်နေသူတွေက စစ်အစိုးရဲ့ မတရားလှည့်ကွက်တွေအောက်မှာ မတရားမှု့တွေ သိပ်များလာရင် လက်ပိုက်ကြည့်နေကြမှာမဟုတ်ဘူး ကြားဝင်လှုပ်ရှားလာကြလိမ့်မယ်ဆိုတာ အာဏာရှင်တွေ ကောင်းကောင်းနာလည်နေလေတော့ ။

အလွန်မတရားတဲ့ ထောင်ချောက်တွေဖြစ်တဲ့ လယ်ယာမြေ ပြဿနာများ၊ ဦးပိုင်စစ်တပ် ပြဿနာများနှင့် ဘာသာရေးပြဿနာဖြစ်အောင် ဗုဒ္ဓဘာသာဝင်တွေနဲ့ ရန်တိုက်ပေးပြီး ဖန်တီးလာကြတယ်၊

ဥပမာ မွတ်စလင် ဘာသာဝင်ဖြစ်တဲ့ အာဇာနည်ကြီးတဦးဖြစ်သူ ဦးရာဇတ်ကိုတောင်မှ မွတ်စလင်ဘာသာဝင်ဖြစ်နေလို့ အာဇာနည်မဟုတ်ဘူး လက်မခံနိုင်ဘူးစသည်ဖြင့် ၆၅ နှစ်ကာလတိုင်အောင် မြန်မာ ကမ္ဘာမှာ မြန်မာအာဇာနည် သမိုင်းဝင်သူကို ပယ်ဖျက်ရမယ်ဆိုတဲ့ ဘာသာရေး မုန်းတီးမှု့ဖြစ်အောင် မှိုင်းတွေ တိုက်လာခဲ့တယ်၊

အဲ့ဒီလို မတရားသဖြင့် ဥပဒေမဲ့ပြောချင်ရာပြော လုပ်ချင်ရာလုပ်လာတာကို အန်အယ်လ်ဒီနဲ့ ၈၈ တွေက ထောက်ချောက်ဆိုတာကြီးကို မြင်ပါတယ် ၊ ဒါပေမယ့် နိုင်ငံတော်အကျိုးအတွက် ပြဿနာဆိုတာကြီးကို မဖြစ်စေချင်လို့ တတ်နိုင်သလောက် လက်ရှောင်နေထားခဲ့တယ်၊

ဒါကလဲ နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင်တွေကို တော်လှန်ခဲ့ရတဲ့ အချိန်တွေနဲ့ လူယုတ်မာတွေကြားမှာ ဆုတ်ယုတ်ခဲ့ရတဲ့ အချိန်တွေကို ပြန်ချိန်ထိုးရင် လက်ရှိဖြစ်ပေါ်နေတဲ့ ရလာဘ်တွေကို မဆုတ်ယုတ်စေချင်လို့ပါ၊

ဒါပေမယ့် ပြဿနာက မဖြစ်ဖြစ်အောင် ၊ ပြည်သူတွေက မပေါက်ကွဲ ပေါက်ကွဲလာအောင်၊ မကျေနပ်မှု့တွေ မပွင့်အံ ပွင့်အံလာအောင် မဟာဗျူဟာ အခင်အကျင်းတွေနဲ့ အကွက်တွေချပြီး ဖန်တီးလာတယ်။

ခုတော့ လွန်သည်ထက် လွန်လာပြီး မြန်မာနိုင်ငံသား စစ်စစ်တွေကို ဘာသာမတူတာနဲ့ ရန်သူလို သတ်ဖို့ လုပ်လာကြတာကို မြင်နေရတယ်၊
ရည်ရွယ်ချက်ကတော့ ဒီမိုကရေစီရရင် မွတ်စလင်နိုင်ငံဖြစ်မယ်ဆိုတဲ့ မမှန်ကန်တဲ့ ဘာသာရေးမှိုင်းတခုကို လူတွေက အဟုတ်ထင်လာစေပြီး .....

ကိုမြအေးကို ကုလားဆိုပြီး ရန်တိုက်ပေးလိုက်တော့ မမှန်တာကို မတရားတာကို ဒီထက် လက်ရှောင်နေရင် ခွေးသာသာ ဖြစ်ရတော့မယ့် အသေခံတိုက်ပွဲဝင် ဒီမိုသမားတွေကို ဘာသာရေး မုန်တိုင်းတွေအကြားမှာ ၈၈ ဒီမိုလှေကို တိုပီတိုနဲ့ပစ်ပြီး တိုက်ပွဲခေါ်လိုက်ခြင်းပါပဲ။

ကိုမြအေးတယောက်ထဲအတွက်နဲ့ ထောက်ချောက်ထဲ ဝင်မှာလားလို့ မေးစရာရှိပြန်တယ်၊ ဒါက ၈၈ ကို မီးနဲ့စပြီး တို့ပေးလိုက်ခြင်းပါ၊
ဒီခြေလှမ်းရဲ့နောက်ကွယ်မှာ ကုဋ္ဋေတစ်သန်းမကတဲ့ ကျုံးသွင်းထားတဲ့ စစ်မောင်းထောင်ချောက်တွေက အဆင့်ဆင့်၊ ခြေတလှမ်းအဝင် မှားလိုက်တာနဲ့ ဂိမ်းအိုဗာအဆင့် ဖန်တီးထားတယ်ဆိုတာ နိုင်ငံရေးသမားတွေ သိကြတယ်၊

အဲ့ဒါကြောင့် နိုင်ငံရေးမှာ ဟန်ဆောင်ထားတဲ့ ဒီမိုကရေစီဆိုတဲ့ အမာခံတွေတောင် ခြေလှမ်းတွေ ပေါ်တင်ပြောင်းကုန်ကြတာ သကောင်းသားတွေ သိပါတယ်၊ ထောင်ထားတဲ့အကွက်က ဖွတ်ဖြစ်မလား ကျွတ်ဖြစ်မလားဆိုတာကြီးပေါ့ ၊ ဒီအချိန်မှာ သွေးကြောင်လို့ ကျွတ်ဖြစ်မှာ ကြောက်တဲ့လူတွေ ဖွတ်ဖြစ်သွားကြတာကတော့ ရှင်းပြနေစရာတောင် မလိုတော့ဘူး၊

အခုတော့ ကိုကိုကြီးက ဒီတိုက်ပွဲကို လက်မရှောင်သာတော့ပဲ လက်ခံလိုက်ရပြီဆိုရင် မမှားပါဘူး၊ ဒဲ့ ပြန်ဖိုက်ဖို့ကတော့ ..... ၈၈ လှေကို တိုပီတိုနဲ့ ပစ်လိုက်တာကို ဘယ်လိုရှောင်မလဲ .... ပြန်ပစ်စရာတော့ လောက်စာလုံးပဲရှိတယ် ၊

ဒီတော့ ဥသဘ ဗျူဟာလို ဓားကို ပါးစပ်မှာကိုက် ... ရေငုတ်ပြီးတော့ တိုပီတိုပေါ်ကို အသက်စွန့်ပြီး တက်ဖိုက်မှာလား .....

မိုက်စရာကတော့ တကွက်ပဲရှိတယ် ... အဲ့ဒါကတော့ မုန်တိုင်းတွေအကြားမှာ လှေကစားနေတာကို ရေဒါဆိုတာက မမိနိုင်ဘူး ။

https://www.facebook.com/photo.php?v=716845941688826&set=vb.100000902810957&type=2&theater

( ဦးနိုင်ဝင်း လန်ဒန် )

0 comments:

Post a Comment