19.2.14

ရဲတပ်ဖွဲ့လုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင်လာစေရန် မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေး




ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

၁၉.၂.၂၀၁၄ရက်နေ့ ၀၉၀၀အချိန်မှ ၁၀၁၀အချိန်အထိ ဒဂုံမြို့သစ်
(ဆိပ်ကမ်း)မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမတွင် မှုခင်းကျဆင်းရေးနှင့် ပြည်သူဗဟိုပြုရဲလုပ်ငန်းစဉ် အောင်မြင်စေရေး
အတွက် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးမှ
မြို့မိ/မြို့ဖ (၅၀)ဦးခန့်နှင့်တွေ့ဆုံခဲ့ပါသည်။



အဆိုပါတွေ့ဆုံပွဲတွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးမှ မှုခင်းဖြစ်ပွားမှု
အခြေအနေများအားရှင်းလင်း ဆွေးနွေးခဲ့ကာ မှုခင်းကျဆင်းရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားသောမှုခင်းများဖေါ်ထုတ်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေး စသည့်ရဲတပ်ဖွဲ့၏လုပ်ငန်းတာဝန်များကို
ဆောင်ရွက်ရာတွင် ပိုမိုအောင်မြင်စေရန် ပြည်သူလူထုပူးပေါင်းပါဝင် လာစေရေးအတွက် ဆွေးနွေးခဲ့ပြီး မြို့မိ/မြို့ဖများ၏ အကြံပြုဆွေးနွေး
ချက်များအားလည်း ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း
သတင်းရရှိပါသည်။

0 comments:

Post a Comment