19.2.14

များပြားလာမည့် ကမ္ဘာလှည့် ခရီးသည်များအတွက် အဆင့်မြင့် ဟိုတယ်များ တိုးချဲ့တည် ဆောက်ရန်လို



မြန်မာနိုင်ငံသို့ ၂ဝ၁၃ ခုနှစ်အတွင်း လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသည် အရေအတွက် ၂ ဒသမ ၄ သန်းကျော်ရှိခဲ့ပြီး ယခုနှစ်အတွင်း ၃ သန်းခန့်အထိ လာရောက် လည်ပတ်နိုင် သည်ဟု ခန့်မှန်းထားရာ တိုးမြင့်လာသော ခရီးသည်များ အတွက်အခြေခံ အဆောက်အအုံများ အပါအဝင် ဝန်ဆောင်မှုများလည်း တိုးမြှင့်ပေးနိုင်ရန် လိုအပ်လျက် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။


မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသည်များ အနက် ဥရောပနိုင်ငံများ အတွင်းမှ ပြင်သစ် နိုင်ငံသားများနှင့် အာရှဒေသများ ထဲတွင် အိမ်နီးချင်း ထိုင်းနိုင်ငံမှ အများဆုံး လာရောက် လည်ပတ်ခြင်း ဖြစ်သည်။

ပြည်တွင်း၌ အဆင့်မြင့် ဟိုတယ်များ နည်းပါးနေခြင်းကြောင့် ဥရောပနိုင်ငံမှ လာရောက် လည်ပတ်သော ခရီးသည်များအတွက် အခက်အခဲ ဖြစ်နေသည်ဟု 4 star အဆင့်ဟိုတယ် တစ်ခုတွင် တည်းခိုနေသည့် ဥရောပ ခရီးသည် တစ်ဦးက ပြောပြခဲ့သည်။

ရန်ကုန်မြို့တွင် 5 star အဆင့်ဟိုတယ် ငါးလုံးနှင့် 4 star အဆင့်ဟိုတယ် ခြောက်လုံးသာရှိပြီး၊ ဥရောပဘက်မှလာသော ခရီးသည်များမှာ ၅ျအမေ ကဲ့သို့အဆင့်မြင့် ဟိုတယ်များ၌သာ အဓိကထား တည်းခိုချင်သည့် အတွက် ဟိုတယ် လိုအပ်မှုများ ကြုံတွေ့နေရခြင်း ဖြစ်သည်။

Demand လိုအပ်ချက်က 4 star ၊ 5 star အဆင့်ဟိုတယ်တွေ လိုအပ်နေသေးတယ်။ ဆောက်လုပ် လက်စတွေက ၂ဝ၁၇-၂ဝ၁၈ ခုနှစ် လောက်မှာမှ ပေါ်လာနိုင်မယ် ထင်တယ်။ ဥပမာ-ဆီဒိုးနားက Project လိုမျိုးပေါ့''ဟု ဟိုတယ်လုပ်ငန်းရှင် ဦးကျော် ထွန်းက ပြောကြား ခဲ့သည်။

ဟိုတယ် မလုံလောက်မှု အတွက် အဆင့်မြင့် ဟိုတယ်များ တိုးချဲ့တည်ဆောက်ရန် လိုအပ် သကဲ့သို့ ခရီးသွား လုပ်ငန်းများ တွင်လည်း ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများ၏ အရည်အသွေး များကိုလည်း လေ့ကျင့်ပေးရန် လိုအပ်နေသေးကြောင်း သိရသည်။

ဝန်ထမ်းများကို အရည်အသွေး မြှင့်တင်ရာတွင် ဟိုတယ် ဝန်ထမ်းများသာမက ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသည့် ဝန်ထမ်းများကိုပါ ဝန်ဆောင်မှု သင်တန်းမြှင့်တင် ပေးနိုင်ရန် လိုအပ်ကြောင်း ခရီးသွားလုပ်ငန်း ကုမ္ပဏီများမှ သုံးသပ် ပြောကြားခဲ့သည်။

''သက်ဆိုင်ရာ လေကြောင်းလိုင်းတွေ၊ ဟိုတယ်တွေ၊ ကုမ္ပဏီတွေမှာ Guide တွေပေါ့နော်၊ ဝန်ထမ်းပိုင်းကလည်း အရေးကြီးပါတယ်။ သူတို့ကို အရည်အသွေးမြင့် ဝန်ထမ်းတွေ မွေးထုတ်ပေးမယ် ဆိုရင်တော့ တကယ်လိုအပ်နေတဲ့ ခရီးသွား ဝန်ဆောင်မှု ပေးရာမှာ တကယ့် Professional Skill နဲ့ လုပ်ပေးနိုင်မယ့် ဝန်ဆောင်မှုတွေ ပေးနိုင်မယ်ဆိုရင် အများကြီး ကောင်းသွားပါမယ်''ဟု ခရီးသွား လုပ်ငန်းရှင် တစ်ဦးဖြစ်သော ဦးတင်ရွှေက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းမှ ၂ဝ၁၂ ခုနှစ်တွင် ဝင်ငွေ အမေရိကန် ဒေါ်လာ ၅၃၄ သန်းနှင့် ၂ဝ၁၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၉ဝဝ ကျော် ရရှိခဲ့ပြီး နှစ်စဉ်တိုးတက် လျက်ရှိကြောင်း သိရသည်။

မြတ်လေးငုံ

0 comments:

Post a Comment