19.2.14

ထိုင်းနိုင်ငံမှာ အစဉ်အလာအားဖြင့် အစိုးရကို ထောက်ခံခဲ့ကြတဲ့ ရာနဲ့ချီတဲ့ လယ်သမားတွေဟာ အစိုးရကို ဖိအား ပိုတိုးပေးတဲ့ အနေနဲ့ ယာယီ ဝန်ကြီးချုပ်ရုံး ဝန်းကျင်က အတားအဆီးတွေကို ဖယ်ရှားပြီး အဆောက်အဦကို ဝိုင်းရံ ပိတ်ဆို့ထားကြပါတယ်။



မနှစ်က လယ်သမားတွေဆီက အစိုးရက ဝယ်ယူခဲ့တဲ့ စပါးဖိုး ကြွေးတွေ ပြန်ပေးဖို့ နှောင့်နှေးနေတဲ့အတွက် လယ်သမားတွေ ဒေါသထွက်နေကြတာ ဖြစ်ပါတယ်။


ထိုင်းအစိုးရက နိုင်ငံ အရှေ့မြောက်ပိုင်းမှာ စပါးတွေကို ဈေးကွက်ပေါက်ဈေးထက် ပိုပေးပြီး ဝယ်ယူမယ် ဆိုတဲ့ သဘောတူညီချက်နဲ့ ကျေးလက်ဒေသက လူတွေရဲ့ ထောက်ခံမှု အခိုင်အမာ ရရှိအောင် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

ဘန်ကောက်နဲ့ နိုင်ငံတောင်ပိုင်းမှာ မနှစ်က နှစ်ကုန်ပိုင်းက စပြီး အစိုးရ ဖြုတ်ချရေး ကြိုဒပမ်းတဲ့ အတိုက်အခံတွေရဲ့ ဆန္ဒပြမှုတွေ ရှိခဲ့ရာမှာ တချို့နေရာတွေမှာ ရဲတွေက လမ်းတွေကို ရှင်းလင်းခဲ့ပေမယ့် ဝန်ကြီးချုပ် ရုံးကိုတော့ အဲဒီ ဆန္ဒပြသူတွေက ဆက်လက် ဝန်းရံ ပိတ်ဆို့ထားကြပါတယ်။

http://www.bbc.co.uk/burmese/world/2014/02/140217_thai_farmers.shtml

0 comments:

Post a Comment