19.2.14

ဘိုင်ယန်ကို တိုက်စစ်ဆင်မည်ဟု ဖလာမီနီ ဖွင့်ဟ



အာဆင်နယ်ကွင်းလယ်လူ ဖလာမီနီက မိမိတို့အနေဖြင့် ဘိုင်ယန်မြူးနစ်နှင့် ကစားရမည့်ပွဲစဉ်တွင် အနိုင်ရရေးအတွက် တိုက်စစ်ဆင်ကစားသွား မည်ဟု ပြောကြားခဲ့သည်။ အာဆင်နယ်မှာ ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ် ပြိုင်ပွဲ ရှုံးထွက်အဆင့်တွင်လည်း ဘိုင်ယန်မြူးနစ်နှင့် တွေ့ဆုံခဲ့ပြီး ဘိုင်ယန်မြူးနစ်၏ အလိုင်းယင့်ကွင်း၌ နှစ်ဂိုးပြတ် အနိုင်ရခဲ့သော်လည်း အဝေးဂိုးစည်းမျဉ်းကြောင့် ပြိုင်ပွဲမှထွက်ခဲ့ရသည်။

သို့သော် ဖလာမီနီက “ဒီပွဲက ခက်ခဲမယ်မှန်း ကျွန်တော်တို့သိပြီးသားပါ။ ဘိုင်ယန်မြူးနစ်က အရမ်းတောင့်တင်းသလို ကျွန်တော်တို့ကလည်း ရည်မှန်းချက်ကြီးမားတဲ့ အသင်းပါ။ ဒီပွဲမှာ ရလဒ်ကောင်းဖို့နဲ့ အနိုင်ရဖို့အတွက် အကောင်းဆုံးခြေစွမ်းပြပြီးယှဉ်ပြိုင်သွားမှာ ပါ”ဟု ပြောခဲ့သည်။ ထို့အပြင် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကလည်း ပြီးခဲ့သည့်ရာသီက အဝေးကွင်းနိုင်ပွဲ ရခဲ့ခြင်းကြောင့် မိမိတို့အသင်း၏ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုအားကောင်းနေကြောင်း သုံးသပ်ထားသည်။

http://yoyarlay.com/sport/football/40081-2014-02-18-18-51-52
@z (ရိုးရာလေး)

0 comments:

Post a Comment