15.9.14

ဖိလစ်ပိုင်မြောက်ပိုင်းသို့ တိုင်ဖွန်းကယ်မီဂီ ၀င်ရောက်တိုက်ခတ်


ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းသို့ စက်တင်ဘာ ၁၄ ရက်က အင်အားပြင်း တိုင်ဖွန်းကယ်မီဂီ ၀င်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှု များ ဖြစ်ပွားခဲ့ရာ မြေပြိုမှုများ ဖြစ်ပွား နိုင်သည့် အခြေအနေများ ရှိနေကြောင်း သိရသည်။
တစ်နာရီ လေတိုက်နှုန်း ကီလိုမီတာ ၁၆၀ ရှိသော အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် နိုင်ငံအရှေ့မြောက် ဘက်ကမ်းရိုးတန်းရှိ ဒီဗီလာကန်မြို့သို့ နေ၀င်ခါနီးအချိန်တွင် စတင်ဝင်ရောက်ခဲ့ပြီး လူဇန်ကျွန်းမှ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားသွားကြောင်း ဖိလစ်ပိုင် အမျိုးသားသဘာဝဘေး အန္တရာယ် လျော့ချရေးနှင့် စီမံ ခန့်ခွဲရေးကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။

“တိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းသွားတဲ့ မင်ဒိုရိုကျွန်းမှာလည်း ရေကြီးမှုတွေဖြစ်ပွားခဲ့ပါတယ်” ဟု အဆိုပါ ကောင်စီမှ ပြောခွင့်ရအမျိုးသမီး မီနာမာရာဆီဂန် က ပြောကြားသည်။

မုန်တိုင်းသည် နိုင်ငံမြောက်ပိုင်းပြည်နယ်များသို့ တိုက်ရိုက် သက်ရောက်ခဲ့ခြင်းဖြစ်သော်လည်း မုန်တိုင်းအရှိန်ကြောင့် နိုင်ငံအ၀ှမ်းတွင် မိုးရွာသွန်းမှု များ ဖြစ် ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်း စတင်ချဉ်းကပ်ခဲ့သည့် စက်တင်ဘာ ၁၃ ရက်ကလည်း နိုင်ငံအလယ်ပိုင်းတွင် လူ ၁၀၀ ကျော်တင်ဆောင်လာသည့် ခရီးသည်တင် ကုတို့သင်္ဘော တစ်စီး တိမ်းမှောက်ခဲ့ရာ သုံးဦးသေဆုံး ပြီး သုံးဦး ပျောက်ဆုံးနေကြောင်း သိရသည်။

Ref:AFP

0 comments:

Post a Comment