15.9.14

အကြောင်းပြချက်မရှိဘဲ နိုင်ငံမှထွက်ခွာသောအရာရှိများကို လိုက်ဘေးရီးယားအစိုးရက ရာထူးမှထုတ်ပယ် ရဲမင်းကြီးနှစ်ဦးနှင့်ဒုဝန်ကြီးရှစ်ဦးထုတ်ပယ်ခံရ


လိုက်ဘေးရီးယားနိုင်ငံမှအဆင့် မြင့် အရာရှိ ၁ဝ ဦးကိုအကြောင်း ပြချက်မပေးဘဲ ပြည်ပခရီးထွက် ခွာခြင်းကြောင့် လိုက်ဘေးရီးယား သမ္မတ အယ်လင်ဂျွန်ဆင်က ရာထူးမှထုတ်ပယ်လိုက်ကြောင်း ဘီဘီစီသတင်းဌာနတွင် ဖော်ပြ ထားသည်။ လိုက်ဘေးရီးယား၌ အီဘိုလာရောဂါပြင်းထန်စွာ တိုက် ခိုက်ခံနေရပြီး နိုင်ငံရေးတည်ငြိမ်မှု ကိုပင် ထိခိုက်လာနိုင်ကြောင်း လိုက်ဘေးရီးယား ကာကွယ်ရေး ဝန်ကြီးက ပြီးခဲ့သည့်သီတင်းပတ် အတွင်း ကြေညာခဲ့ပြီး အဆိုပါ အဆင့်မြင့်အရာရှိ ၁ဝ ဦး ပြည်ပ ခရီးထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
ခရီးထွက်ခွာသွားသည့်အရာရှိ များမှာ ရဲမင်းကြီးနှစ်ဦးနှင့် ဒုတိယ ဝန်ကြီးရှစ်ဦးတို့ဖြစ်သည်။ ၄င်းတို့ ၁ဝဦးကို လိုက်ဘေးရီးယားသို့ပြန် လာရန် သီတင်းတစ်ပတ်အချိန်ပေး ထားကြောင်းသိရသည်။ အာဖရိက အနောက်ပိုင်းနိုင်ငံများတွင် အီဘို လာရောဂါ ပြင်းထန်စွာကူးစက်ပြန့် ပွားနေပြီး သေဆုံးသူစုစုပေါင်း ၂၄ဝဝကျော်ခဲ့ပြီဖြစ်ကြောင်း သိရ သည်။

The Union Daily

0 comments:

Post a Comment