15.9.14

အိပ်စက်ခြင်းနဲ့ အလှတရား ဆက်နွယ်နေတယ်ဆိုတာ သိသာစေတဲ့အချက်များ


လူတစ်ယောက်အတွက် အိပ်စက်တဲ့အချိန်ဟာ ဘယ်လောက်အရေးကြီးတယ်လို့ ထင်ပါသလဲ။ ကိုယ့်အသားအရေ၊ ဆံပင် စတာတွေရဲ့ လှပမှု၊ ကျန်းမာမှု စတာတွေဟာ အိပ်စက်ခြင်းနဲ့ အများကြီး ပတ်သက်ဆက်နွယ်လို့ နေပါတယ်။ အိပ်စက်တဲ့အချိန်မှာ ကိုယ့်အသားအရေ နဲ့ ဆံနွယ်တွေအတွက် သတိထားသင့်တဲ့ အချက်လေးတွေကို သတိထားပြီး အိပ်စက်မယ်ဆိုရင် ပြောင်းလဲလာစေနိုင်တဲ့အချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီအကြောင်းလေး ပြောပြပေးချင်ပါတယ်။

၁။ ပိုးသား၊ ဖဲသားလို ခေါင်းအုံးစွပ်မျိုးတွေရှာပြီး အိပ်ပါ။

ဖိုင်ဘာသားလို ခေါင်းအုံးမျိုးတွေက သင့်အသားအရေကို ဒုက္ခပေးနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ဒီလိုခေါင်းအုံးမျိုးတွေ အုံးတဲ့အခါ သင်နိုးလာတဲ့အခါ ပါးရေတွန့်တာမျိုး၊ အရေးအကြောင်းဖြစ်ပေါ်တာမျိုးတွေ ခံစားရပါလိမ့်မယ်။ ရေရှည်အတွက်လည်း မကောင်းတာကြောင့် ပိုးသား၊ ဖဲသားလို့ ခေါင်းအုံးမျိုးတွေသာ ရွေးချယ်ပါ။

၂။ဘေးတစ်စောင်းအိပ်တာထက် ပက်လက်အိပ်ပါ။

ဘေးတစ်စောင်းအိပ်ခြင်းကလည်း သင့်မျက်နှာအသားအရေအတွက် အရေးအကြောင်းတွေ ဖြစ်ပေါ်စေပါတယ်။ တစ်ဘက်တည်းကို စောင်းအိပ်တာ ပိုဆိုးပါတယ်။ ဒီတော့ ဖြစ်နိုင်ရင် ပက်လက်အိပ်ပါ။

၃။မအိပ်ခင် moisturizer လိမ်းအိပ်နိုင်ရင် ကောင်းပါတယ်။

မျက်နှာအသားအရေအတွက်၊ မျက်လုံးအတွက် စသဖြင့် ညဘက်လိမ်းအိပ်သင့်တဲ့ moisturizer လိမ်းအိပ်မယ်ဆိုရင်လည်း ဒါကောင်းတာပါပဲ။ ဒီလိုလိမ်းအိပ်ထားလိုက်ရင် မနက်ရောက်တဲ့အခါ သင်မျက်နှာလေး ကြည့်ကောင်းနေပါလိမ့်မယ်။

၎။ခေါင်းအုံးစွပ်ကို တစ်ပတ်နှစ်ကြိမ် လဲပေးပါ။

မျက်နှာအသားအရေအတွက် သတိထားလုပ်ပေးရမယ့် အရာကတော့ ကိုယ့်ခေါင်းအုံးစွပ်ကို တစ်ပတ်နှစ်ကြိမ်လဲပေးဖို့ပါပဲ။ မမြင်ရတဲ့ ဘက်တီးရီးယားပိုးတွေဟာ ခေါင်းအုံးစွပ်ကနေ သင့်မျက်နှာအသားအရေကို ဒုက္ခပေးနိုင်တာကြောင့် ခေါင်းအုံးကို ညတိုင်း ဟိုဘက်ဒီဘက် လှည့်အိပ်ပေးဖို့လည်း လိုအပ်ပါတယ်။

၅။မအိပ်ခင် ငန်တဲ့အစားအစာတွေစားခြင်း၊ အရက်သောက်ခြင်းဟာ အသားအရေအတွက် မကောင်းပါ။

ငန်တဲ့အစားအသောက်နဲ့ အရက်သောက်ပြီး အိပ်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်တင်းပေးနိုင်တဲ့ ရှိသမျှအရည်တွေကို ယူလိုက်ရတဲ့အတွက် မျက်လုံးတစ်ဝိုက်က အရည်တွေကို စုပ်ယူသွားတာကြောင့် သင့်မျက်လုံးအစ်ဖောင်းတာတွေ ဖြစ်လာတာပါ။

၆။အိပ်စက်တဲ့အခါ မျက်နှာနဲ့ ဆံပင် မထိတွေ့တာ အကောင်းဆုံးပါပဲ။

အိပ်တော့မယ်ဆို ဆံပင်ကို စည်းထားတာ အကောင်းဆုံးပါပဲ။ အတင်းကြီး စုစည်းထားတာမျိုး မဟုတ်ပဲ ဖြေလျော့ပြီး စည်းအိပ်ပါ။ ဒါဆိုရင် ဆံပင်နဲ့မျက်နှာတစ်ချိန်လုံး မထိတော့တာမို့ မျက်နှာအသားအရေအတွက် ဘက်တီးရီးယားဝင်ခြင်းက ကာကွယ်ရာရောက်ပါတယ်။

၇။အိပ်တော့မယ်ဆို လိမ်းထားသမျှ မိတ်ကပ်တွေ ဖျက်ပြီးမှ အိပ်ပါ။

အပြင်က ပြန်လာပြီး အိပ်ယာမြင်တာနဲ့ တန်းအိပ်ပစ်လိုက်တာမျိုးတွေ ဘယ်တော့မှ မလုပ်မိပါစေနဲ့။ မျက်နှာပေါ်မှာ တစ်နေ့လုံးရှိနေတဲ့ မိတ်ကပ်တွေ၊ အညစ်အကြေးတွေကို ဖျက်၊ မျက်နှာသစ်ပြီးမှ အိပ်ယာဝင်တာ မျက်နှာအသားအရေအတွက် အကောင်းဆုံးပါပဲ။

Ref:cosmopolitan

0 comments:

Post a Comment