14.6.16

ကျောက်မျက်ရတနာလုပ်ငန်းရှင်များလိုလားသည့် အခွန်နှုန်းထား များ လျှော့ချပေး မည်

ကျောက်မျက် ရတနာလုပ်ငန်းရှင်များလိုလားသည့် အခွန်နှုန်းထားများ လျှော့ချပေး မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်တွင် ဇွန် ၁၃ ရက် နေ့က ပြုလုပ်သည့် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနပြည်ထောင်စုဝန် ကြီး ဦးကျော်ဝင်းနှင့် စီးပွားရေးလုပ် ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
" အခွန်နှုန်းထားတွေနဲ့ ပတ် သက်ပြီးတော့ ပြုပြင်ပေးဖို့ပဲရှိတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့အတွက် အခွန်ကတစ်ထောင့် တစ်နေရာက ပါဝင်တယ်။ ဒါကြောင့် သူတို့ပြောတဲ့ အချက်တွေ အပေါ်မှာ ပံ့ပိုးမှုတွေလည်း ပြုလုပ်ပေးဖို့လည်း ရှိပါတယ်" ဟု စီမံကိန်းနှင့် ဘဏ္ဍာ ရေး ၀န်ကြီးဌာနမှ ပြည်ထောင်စု ၀န် ကြီး ဦးကျော်ဝင်းကပြောသည်။
မြန်မာ့ကျောက်မျက်ရတနာ များကို ကုန်ချောအဖြစ် ပြည်တွင်း၌ ထုတ်လုပ် ကာ နိုင်ငံတကာဈေးကွက် သို့ တင်ပို့နိုင်ရန် ဆောင်ရွက် သင့် ကြောင်း မြန်မာနိုင် ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းမှ သိ ရသည်။
"ကျောက်မျက်ရတနာ အရိုင်း တုံးတွေကို ဒီအတိုင်းပြည်ပကို တင် ပို့နေမယ့်အစား ကုန်ချောအဖြစ်တန် ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်ပြီးတော့ Market in Myanmar ဆိုပြီး ပြည်ပကို တင်ပို့နိုင်အောင် ကြိုးစား ရမယ်။ ဒီလိုလုပ်ဆောင်တဲ့ အတွက် ပြည်တွင်းမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေလည်းရရှိလာမယ်" ဟု မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်ဝင်းက ပြော သည်။
မြန်မာ့ကျောက်မျက် ရတနာ များကို ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ကာ နိုင်ငံတကာဈေးကွက် သို့ တင်ပို့နိုင်ရန် အထူးအခွန်နှုန်း ထားများကို ဖြေလျှော့ပေးသင့်ကြောင်း သိရသည်။
မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်ပ နိုင်ငံများသို့ လွတ်လပ်စွာ ကုန်သွယ် မှုများ ပြုလုပ်နိုင်ရန် ၊ ပြည်တွင်း၌ နိုင်ငံ တကာကဲ့သို့ ကမ္ဘာ့ကျောက်မျက်ရ တနာဈေးကွက် ပေါ်ပေါက်လာရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန /စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင် ရွက် သင့်ကြောင်း သိရသည်။
ဦးသိန်းစိန်အစိုးရ လက်ထက် တွင် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့ပြီး နည်းဥပဒေထွက်ရှိနိုင်ရန်လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကျောက် မျက်ရတနာပညာရှင်များနှင့် ညှိ နှိုင်းရေးဆွဲလျက် ရှိကြောင်း သိရ သည်။

Credit To >>> ‎Democracy Today‬

0 comments:

Post a Comment