14.6.16

ယခု ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုလိုငွေဖြစ်ပေါ်

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၅၄ ဒသမ ၉၃ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁၈ ဒသမ ၈ဝ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၇၃ ဒသမ ၇၃ သန်းဖြစ်ကြောင်း သိရသည်။

ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ဝဝ ဒသမ ၁၄ သန်း၊ နယ်စပ် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၅ ဒသမ ၉ဝ သန်းနှင့် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၃၆ ဒသမ ဝ၄ သန်းဖြစ်သဖြင့် ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလအတွက် စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၁၇ဝ၉ ဒသမ ၇၇ သန်းဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန် ဒေါ်လာ ၁၆၂ ဒသမ ၃၁ သန်းဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန်အခြေအနေအစီရင်ခံစာအရ သိရသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment