14.6.16

မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် လုပ်ဆောင်မယ်

မြန်မာ-ဂျပန် နှစ်နိုင်ငံ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းကာ
ရင်းနှီးမြှုပ်နှံမှုများနဲ့ ကုန်သွယ်မှု ကဏ္ဍများ တိုးမြှင့်ရေး
အတွက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ယမန်နေ့က မြန်မာ-ဂျပန် နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူများက
Myanmar-Japan Joint Initiative: Phase Two
အစည်းအဝေးကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲ့ လူမှုရေးနဲ့စီးပွားရေး
ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ လက်တွဲလုပ်ဆောင်မယ့်
ကဏ္ဍများကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာ-ဂျပန်အစိုးရတာဝန်ရှိသူများ၊ ပုဂ္ဂလိကစီးပွားရေးအသင်းအဖွဲ့များ
ပါဝင်သော စက်မှု၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊
အခွန်စနစ်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍများဖွံ့ဖြိုးရေးအတွက်
ကော်မတီများ ဖွဲ့စည်းကာလက်တွဲလုပ်ဆောင်သွားဖို့
သဘောတူညီခဲ့ကြပါတယ်။
အစိုးရသစ်တာဝန်ယူချိန်မှာ ဂျပန်နိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံမှုများကို
ဆက်လက်တိုးချဲ့လုပ်ဆောင်သွားမှာ ဖြစ်ပြီး နှစ်နိုင်ငံ
အကျိုးရှိစေဖို့အတွက် ဖြစ်ပေါ်လာနိုင်မယ့် စိန်ခေါ်မှုများကို
ဆွေးနွေးကြခြင်းဖြစ်ပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ စက်မှုကဏ္ဍ၊
စိုက်ပျိုးရေးနဲ့ ၀န်ဆောင်မှုစတဲ့ကဏ္ဍများမှာ ရင်းနှီးမြှုပ်နှံမှုများ
ပိုမို ၀င်ရောက်လာမယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ
ညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူများက သုံးသပ်ပါတယ်။
ဂျပန်နိုင်ငံဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှ စတင်ကာ
မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ၊
ရင်းနှီးမြှုပ်နှံမှုအရှိန်အဟုန်တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး
မြန်မာ-ဂျပန်အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုနဲ့
လည်း သီလ၀ါအထူးစီးပွားရေးဇုန်ကို အကောင်
အထည်ဖော်ခဲ့ပြီ ဖြစ်ပါတယ်။ ထားဝယ်အထူးစီးပွားရေး
ဇုန်ကိုလည်း မြန်မာ-ထိုင်း-ဂျပန်ပူးပေါင်းဆောင်ရွက်မှုနဲ့
အကောင်အထည်ဖော်ဖို့ကိုလည်း စီစဉ်လျက်ရှိပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment